ကော့ကရိတ်မြို့၊ အမှတ် (၅) ရပ်ကွက်အတွင်းရှိ လူနေအိမ်များအား KKO (ခွဲထွက်) အဖွဲ့နှင့် PDF အကြမ်းဖက်သမားပူးပေါင်းအဖွဲ့က မီးရှို့ဖျက်ဆီး

       ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ် (၅) ရပ်ကွက်အတွင်းရှိ လူနေအိမ်များအား KKO (ခွဲထွက်)အဖွဲ့နှင့် PDF အကြမ်းဖက်သမားပူးပေါင်းအဖွဲ့က ဒီဇင်ဘာလ ၂၆ ရက်တွင် မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် နေအိမ် ၁၆ လုံး မီးလောင်ပျက်စီးခဲ့ပါသည်။

အလုံးစုံပျက်သုဉ်းရေးလမ်းစဉ်အရ NUG ၏စေခိုင်းချက်ဖြင့် PDF အကြမ်းဖက်သမားများက နိုင်ငံတော်ပိုင်၊ ပုဂ္ဂလိကပိုင်အဆောက်အဦများအား ဖောက်ခွဲဖျက်ဆီးလျက်ရှိသည့်အပြင် စစ်ရေးနှင့်မသက်ဆိုင်သည့် ပြည်သူပိုင်အိုးအိမ်များကိုလည်း အကြောင်းမဲ့ ဖောက်ခွဲ ဖျက်ဆီးခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သောကြောင့် အများပြည်သူများ စိုးရိမ်ထိတ်လန့်မှုများနှင့် အိုးမဲ့အိမ်မဲ့များ ဖြစ်ပေါ်ခဲ့ရမှုများအပေါ် အဆိုပါအကြမ်းဖက်သမားများအား ပြည်သူတစ်ရပ်လုံးက ရွံရှာမုန်းတီးလျက်ရှိပါသည်။

အပြစ်မဲ့ပြည်သူများ၏နေအိမ်များကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများကို ဒေသခံပြည်သူများက ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါ သည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၇-၁၂-၂၀၂၃)

 

  • ကော့ကရိတ်မြို့၊ အမှတ် () ရပ်ကွက်အတွင်းရှိ လူနေအိမ်များအား KKO (ခွဲထွက်) အဖွဲ့နှင့် PDF အကြမ်းဖက်သမားပူးပေါင်းအဖွဲ့က မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် နေအိမ် ၁၆ လုံး မီးလောင်ပျက်စီးခဲ့။

 

 

Add new comment