တရားမဝင် ပြည်ဖျက်မီဒီယာများမှ နိုင်ငံတွင်း မတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှုများဖြစ်လာစေရန်အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန် သတင်းများလုပ်ကြံဖန်တီးရေးသားလျက်ရှိသည့်အပြင် တပ်မတော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံတကာမျက်နှာစာ တွင် တပ်မတော်အား အထင်အမြင်လွဲမှားစေရန်အတွက် နည်းလမ်းမျိုးစုံအသုံးပြု၍ သွေးခွဲသပ်လျှိုလျက်ရှိပါသည်-
- Than Lwin Times အမည်ရှိ တရားမဝင်မီဒီယာတစ်ခုမှ တင်ထားသော ဘီးလင်းမြို့နယ်ရှိ သပြေနီကျေးရွာအတွင်းသို့ တပ်မတော်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ကလေးငယ် ၂ ဦးသေဆုံးပြီး ဒေသခံပြည်သူ ၄ ဦးဒဏ်ရာရရှိခဲ့သည့်သတင်းသည် လုပ်ကြံ ဖန်တီးထားသည့်သတင်းအတုဖြစ်ပြီး အဆိုပါသတင်းနှင့်ပတ်သက်၍ ၎င်းကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရွာများတွင် တပ်မတော်မှ တပ်စခန်းချခြင်း၊ လုံခြုံရေးဆောင်ရွက်ခြင်းများမရှိကြောင်း သိရှိရ။
တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် ဒေသခံပြည်သူများက တပ်မတော်အပေါ် အထင်အမြင်လွဲမှားစေရန်၊ ပြည်သူနှင့် တပ်မတော်ပူးပေါင်း၍ အကြမ်းဖက်မှုချေမှုန်းရေး စစ်ဆင်ရေးဆောင်ရွက်မှုကို ထိခိုက်စေရန်နှင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် အတွက် မဟုတ်မမှန်လုပ်ကြံ၍ သတင်းအတု၊ သတင်းအမှားများအား ဖန်တီးရေးသားဖြန့်ဝေခြင်းသာဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၇-၁၂-၂၀၂၃)
|
Add new comment