မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဈေးကွက် (Online Trading) တွင် လွတ်လပ်စွာ ရောင်းဝယ်နိုင်ကြောင်း ထုတ်ပြန်ထားပြီးနောက် အမေရိကန်ဒေါ်လာဈေး တည်ငြိမ်နေ

နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ်များအနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်တွင် အရောင်းအဝယ်ပြုလုပ်ရာ၌ လွတ်လပ်စွာ ရောင်းဝယ်နိုင်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဒီဇင်ဘာလ ၅ ရက်တွင် ကြေညာပြီးနောက် ဈေးကွက်ပေါက်ဈေးအတိုင်း လွတ်လပ်စွာအရောင်းအဝယ် ပြုလုပ်လာကြသဖြင့် အမေရိကန်ဒေါ်လာဈေး တဖြည်းဖြည်းတည်ငြိမ်လာကြောင်း သိရှိရပါသည်။

AD လိုင်စင်ရဘဏ်များအနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက် (Online Trading) တွင် အရောင်းအဝယ်ပြုလုပ်ရာ၌ ငွေလဲလှယ်နှုန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သတ်မှတ်ပေးမည်မဟုတ်ဘဲ ဈေးကွက်အတွင်း နိုင်ငံခြားငွေရောင်းချလိုသူနှင့် ဝယ်ယူလိုသူတို့က တင်သွင်းသော ငွေလဲလှယ်နှုန်းအပေါ်မူတည်၍ Market Rate အတိုင်း လွတ်လပ်စွာဆောင်ရွက်နိုင်ကြောင်း အသိပေးခဲ့သဖြင့် ဈေးကွက်ပေါက်ဈေးအတိုင်း လွတ်လပ်စွာရောင်းချခဲ့ကြရာ ပြီးခဲ့သည့် ဒီဇင်ဘာလ ၆ ရက်မှစ၍ တစ်ဒေါ်လာလျှင် ငွေကျပ် ၃,၅၀၀ ကျော်တွင် တည်ငြိမ်နေခြင်းဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၇-၁၂-၂၀၂၃)

 

  • နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း(AD) လိုင်စင်ရဘဏ်များအနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်တွင် အရောင်းအဝယ်ပြုလုပ်ရာ၌ လွတ်လပ်စွာရောင်းဝယ်နိုင်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ကြေညာပြီးနောက် အမေရိကန် ဒေါ်လာဈေး တဖြည်းဖြည်းတည်ငြိမ်လာခဲ့။

Add new comment