ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေး

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင်လ ၁၂ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရက်ကတ်ထရင်ဘတ် (Yekaterinburg) မြို့၌ ကျင်းပသည့် INNOPROM International Industrial Exhibition သို့တက်ရောက်၍ ကုမ္ပဏီများက ခင်းကျင်းပြသထားသည့် ထုတ် ကုန်များ၊ စက်ပစ္စည်းများကို လှည့်လည်ကြည့်ရှုပြီး သိရှိလိုသည်များကို မေးမြန်းဆွေး နွေးခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးဦးဆောင်သောအဖွဲ့သည် ရုရှားဖက်ဒရေးရှင်း နိုင်ငံ ဒုတိယဝန်ကြီးချုပ် စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီးမစ္စတာဒဲနစ် မန်ဒူးရော့ဖ်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံ၍ လက်ရှိဆောင်ရွက်နေ သည့် ရုရှား-မြန်မာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ သံမဏိထုတ်လုပ်ရေး၊ ဆေးဝါးဆိုင်ရာပူးပေါင်းထုတ်လုပ်ရေး၊ ချည်မျှင်နှင့်အထည်ထုတ်လုပ်ရေး၊ ဘိလပ်မြေ ထုတ်လုပ်ရေး၊ ဆေးဘက်ဆိုင်ရာအထောက်အကူပြုပစ္စည်း ကိရိယာများထုတ်လုပ်ရေး၊ MSME စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အခွင့်အလမ်းများ ရှာ‌ဖွေနေမှု နှင့် ရုရှား-မြန်မာနှစ်နိုင်ငံပြည်သူများ အကျိုးစီးပွားဖြစ်ထွန်းစေမည့် အလားအလာရှိသော ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေး ခဲ့ပါသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီး ဌာနမှ ဒုတိယဝန်ကြီး Alexey V. Gruzdev၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးစက်ပစ္စည်း နှင့် အကြီးစားအင်ဂျင်နီယာဌာန ညွှန်ကြားရေးမှူး၊ ဒုတိယဝန်ကြီးချုပ်၏ လက်ထောက်၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးသံမှူးနှင့် မြန်မာကိုယ်စားလှယ် များ တက်ရောက်ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၃-၇-၂၀၂၃)

 

  • ပြည်ထောင်စုဝန်ကြီးနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီးမစ္စတာဒဲနစ် မန်ဒူးရော့ဖ်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံ၍ လက်ရှိဆောင်ရွက်နေသည့် ရုရှား-မြန်မာ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ သံမဏိ၊ ဆေးဝါး၊ ဘိလပ်မြေ၊ ချည်မျှင်နှင့် အထည်ထုတ်လုပ်ရေးကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးခဲ့

Add new comment