အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ခဲ့သူများ၊ အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက် ထောက်ပံ့နေသူများအား ပြစ်ဒဏ်အသီးသီးချမှတ်

ဇန်နဝါရီလ ၁၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်နေ သက်ကိုဦးအပါ (၄) ဦးတို့သည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏ အကြမ်းဖက်အုပ်စုများအဖြစ် သတ်မှတ်ကြေငြာထားသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း၊ ငွေကြေးကောက်ခံထောက်ပံ့ခြင်းများအပြင် လက်နက်ခဲယမ်းများအား (သိုဝှက် သိမ်းဆည်း/ ပို့ဆောင်/ လက်ဝယ်ကိုင်ဆောင်ခြင်း)နှင့် ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများ စသည့် အကြမ်းဖက်မှုများ လုပ်ဆောင်ခဲ့သည့်အတွက်ကြောင့် စစ်အုပ်ချုပ်ရေး(Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀(ည)နှင့် ၅၀(ဈ)တို့အရ ၎င်းတို့ (၄) ဦးအား “ထောင်ဒဏ်တစ်သက် ” ပြစ်ဒဏ်အား အသီးသီးအမိန့်ချမှတ် ခဲ့ပါသည်။

စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ကြေညာထားသည့် မြို့နယ်များအတွင်း စစ်ခုံရုံးဖြင့် စစ်ဆေးမည့် ပြစ်မှုဆိုင်ရာ ၂၃ မျိုးကိုလည်း ပူးတွဲထုတ်ပြန်ထားကြောင်းနှင့် အဆိုပါ ပြစ်မှုများကို ဖောက်ဖျက်ကျူးလွန်ပါက စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ကာ ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

  • လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နေ သက်ကိုဦးအပါ (၄) ဦးတို့သည် အကြမ်းဖက် အုပ်စုများအဖြစ် သတ်မှတ်ကြေငြာထားသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း၊ ငွေကြေးကောက်ခံထောက်ပံ့ခြင်းများအပြင် လက်နက်ခဲယမ်းများအား (သိုဝှက်သိမ်း ဆည်း/ ပို့ဆောင်/ လက်ဝယ်ကိုင်ဆောင်ခြင်း)နှင့် ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများ စသည့် အကြမ်းဖက်မှုများ လုပ်ဆောင်ခဲ့သည့်အတွက်ကြောင့် ၎င်းတို့ (၄) ဦးအား “ထောင်ဒဏ်တစ်သက် ” ပြစ်ဒဏ်အား အသီးသီးအမိန့်ချမှတ်ခဲ့။

Add new comment