ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီ၏ပင်မအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ ၁၂ ရက်တွင် နေပြည်တော်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ခဲ့ပါသည်။
အစည်းအဝေးသို့ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဥက္ကဋ္ဌများဖြစ်သည့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကို လှိုင်နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ကော်မတီဝင်ဒုတိယဝန်ကြီးများနှင့် တာဝန် ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ညှိနှိုင်းပေါင်းစပ်ရေးကော်မတီဥက္ကဋ္ဌက ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအနက် ၎င်းတို့၏ဆန္ဒအလျောက် ပြန်လာလိုသူများကို နှစ်ဖက်ညှိနှိုင်း၍ စိစစ်လက်ခံမှုများ အမြန်စတင်ဆောင်ရွက်နိုင်ရေးနှင့် ပြန်လည်နေရာချထားရေးအတွက် လုပ်ငန်းကော်မတီ များအလိုက် ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးပြောကြားပြီး လုပ်ငန်း ကော်မတီများမှ တာဝန်ရှိသူများက ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် လိုအပ် ချက်များကို ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၃-၇-၂၀၂၃)
- အစည်းအဝေးတွင် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအနက် ၎င်းတို့၏ဆန္ဒအလျောက် ပြန်လာလိုသူများကို နှစ်ဖက်ညှိနှိုင်း၍ စိစစ်လက်ခံမှုများ အမြန် စတင်ဆောင်ရွက်နိုင်ရေးနှင့် ပြန်လည်နေရာချထားရေးအတွက် လုပ်ငန်းကော် မတီများအလိုက် ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့။
Add new comment