နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇူလိုင်လ ၁၁ ရက်တွင် ဇနီးဒေါ်ကြူကြူလှ၊ တာဝန်ရှိသူများနှင့် အတူ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကျက်သရေဆောင် လောကာနန္ဒာဘုရားကြီးသို့ သွား ရောက်ဖူးမြော်ကြည်ညိုပြီး နန္ဒာရာမပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အမှူးပြုသော သံဃာတော်များထံသို့ ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်း များ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
ထို့နောက် စစ်တွေမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ဦးရဲကျော်သူ ကျောင်းတိုက်သို့ သွားရောက်၍ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဇောတိပါလအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများကို ဆက်ကပ်လှူဒါန်းကာ မုန်တိုင်းဒဏ် ကြောင့် ကျောင်းတိုက်အတွင်း ထိခိုက်ပျက်စီးခဲ့မှုများနှင့်ပတ်သက်၍ ပြန်လည်ပြုပြင် ဆောင်ရွက်ပေးမည့် အခြေအနေများကို လျှောက်ထားတင်ပြခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် ကျောင်းတိုက်အတွင်း ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများနှင့် ကျောင်းဝင်းအတွင်း ရှိ သကျမုနိဘုရားကြီးသိမ်တော် ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများကို လှည့်လည် ကြည့်ရှု၍ ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မူလလက်ရာများ အတိုင်း ပြန်လည်ပြင်ဆင်ဆောင်ရွက်ပေးရန်လိုကြောင်းနှင့် အခြာလိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၂-၇-၂၀၂၃)
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် တာဝန်ရှိသူများနှင့်အတူ စစ်တွေမြို့ကျက်သရေဆောင် လောကာနန္ဒာဘုရားကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုပြီး နန္ဒာရာမပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် အမှူးပြုသော သံဃာတော်များထံသို့ ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့။
- နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရှေးဟောင်းသမိုင်းဝင် ဦးရဲကျော်သူ ကျောင်းတိုက်အတွင်း ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများနှင့် ကျောင်းဝင်းအတွင်းရှိ သကျမုနိဘုရားကြီးသိမ်တော် ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများကို လှည့်လည် ကြည့်ရှုခဲ့။
Add new comment