နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တွေမြို့အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေသူများနှင့် သဘာဝဘေးဒဏ်သင့်ပြည်သူများအတွက် စတုဒိသာများ ချက်ပြုတ်နေမှုများအား ကြည့်ရှုအားပေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှ၊ တာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ ၁၁ ရက် တွင် စစ်တွေမြို့အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်နေသူများနှင့် သဘာဝဘေးဒဏ်သင့်ပြည်သူများ စားရေးအဆင်ပြေစေရေးအတွက် SKY NET မိသားစု၊ မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်းချုပ် MLCA၊ MLCP အများပိုင် ကုမ္ပဏီ လီမီတက်၊ မြန်မာ-အိန္ဒိယ-တရုတ် ချစ်ကြည်ရေးနှင့်် စီးပွားဖွံ့ဖြိုးတိုးတက်ရေးအသင်း (MICA)နှင့် ဘာသာစုံမိတ်ဆွေများမှ ရက် ၅၀ စတုဒိသာ အလှူတော်အစီအစဉ်ဖြင့် ချက်ပြုတ်လှူဒါန်းသည့် သီးစုံဒံပေါက်ချက်ပြုတ်ထုပ်ပိုးနေမှုများကို သွားရောက်ကြည့်ရှု အားပေး၍ ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ပါသည်။

ထို့နောက် စတုဒီသာအလှူတော် အစီအစဉ်တွင်ပါဝင်သည့် ရခိုင်ဗုဒ္ဓဘာသာအဖွဲ့၊ ခရစ်ယာန် ဘာသာရေးအဖွဲ့၊ အစ္စလာမ်ဘာသာရေးအဖွဲ့နှင့် ဟိန္ဒူဘာသာရေးအဖွဲ့တို့မှ တာဝန်ရှိသူများက သဘာဝဘေးဒဏ်သင့်ခဲ့ပြီး ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်လျက်ရှိ သည့် ရခိုင်ပြည်နယ်သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်အနေဖြင့် ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြည့်ရှုပြီး လိုအပ်သည်များကို ဖြည့် ဆည်းဆောင်ရွက်ပေးသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့မှ တာဝန်ရှိသူများအားလုံး ကျန်းမာ၊ ချမ်းသာ ပါစေကြောင်း၊ ပြည်သူလူထု၏အကျိုး၊ နိုင်ငံတော်၏ အကျိုးကို ယခုထက်ပို၍ ထမ်း ဆောင်နိုင်ပါစေကြောင်းဖြင့် ဆုတောင်းမေတ္တာပို့သပေးခဲ့ကြပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စစ်တွေမြို့၊ တပ်ဦးဆုတောင်းပြည့်ပရိယတ္တိစာသင်တိုက်သို့ ရောက်ရှိကြပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များအား ရက် ၅၀ စတုဒိသာ အလှူတော်အစီအစဉ်ဖြင့် ချက်ပြုတ် လှူဒါန်းသည့် သီးစုံဒံပေါက်ဘူးများကို ထောက်ပံ့ပေးအပ်ကာ အားပေးစကား ပြော ကြားပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပါသည်။

မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် စစ်တွေမြို့၊ ရခိုင်ပြည်နယ် ယဉ်ကျေးမှုပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ရခိုင်ရှေးဟောင်းမြို့တော်များပြခန်း၊ ရခိုင်စာပေကဏ္ဍပြခန်း၊ ရခိုင်ရှေးဟောင်းဒင်္ဂါးများပြခန်း၊ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများပြခန်း၊ ရခိုင်ဓလေ့ထုံးစံများပြခန်း၊ ရခိုင်ပြည်နယ်နှင့် ဗုဒ္ဓယဉ်ကျေးမှုပြခန်း၊ ရိုးရာကျင်အားကစားပြခန်းတို့အတွင်း စိတ်ဝင်တစားဖြင့် လေ့လာကြည့်ရှုခဲ့ကြောင်းနှင့် ဓညဝတီအားကစားကွင်း တွင် ပြည်နယ်အဆင့်အားကစားပွဲများကို ကျင်းပနိုင်သည့် မိုးလုံလေလုံအားကစားရုံ၊ ခေတ်မီပြေးလမ်းနှင့်ပွဲကြည့်စင်ပါ အားကစားကွင်းနှင့် အဆင့်မီရေကူးကန်တို့ တည် ဆောက်နိုင်ရေး လုပ်ငန်းများကို စစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၂-၇-၂၀၂၃)

 

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် စစ်တွေမြို့အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်နေသူများနှင့် သဘာဝဘေးဒဏ်သင့်ပြည်သူများ စားရေးအဆင်ပြေစေရေးအတွက် ချက်ပြုတ် လှူဒါန်းသည့် သီးစုံဒံပေါက်ချက်ပြုတ်နေမှုများကို သွားရောက်ကြည့်ရှုအားပေး၍ ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့။
  • စတုဒီသာအလှူတော် အစီအစဉ်တွင်ပါဝင်သည့် ဘာသာပေါင်းစုံအဖွဲ့တို့မှ တာဝန် ရှိသူများကလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့မှ တာဝန်ရှိသူများအားလုံး ကျန်းမာ၊ ချမ်းသာပါစေကြောင်း၊ ပြည်သူလူထု၏အကျိုး၊ နိုင်ငံတော်၏ အကျိုးကို ယခုထက်ပို၍ ထမ်းဆောင်နိုင် ပါစေကြောင်းဖြင့် ဆုတောင်းမေတ္တာပို့သပေးခဲ့။

Add new comment