ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ပုဏ္ဏားကျွန်း၊ မောင်တော၊ ဘူးသီးတောင်၊ စစ်တွေ၊ မြေပုံ၊ ပေါက်တောမြို့နယ်များ၏ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု သွားရောက်ကြည့်ရှုစစ်ဆေး

    ဇူလိုင်လ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ရခိုင်ပြည်နယ်ခရီးစဉ်တွင် လိုက်ပါလာသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့်အဖွဲ့သည် ပုဏ္ဏားကျွန်း၊ မောင်တော၊ ဘူးသီးတောင်၊ စစ်တွေ၊ မြေပုံ၊ ပေါက်တောမြို့နယ်များ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါ သည်။

ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့်အဖွဲ့သည်-

  • မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် ပုဏ္ဏားကျွန်းမြို့ ဦးရာဇ်မင်္ဂလာ ကြိုးတံတား ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့။
  • မောင်တောမြို့၊ ပုဏ္ဏားကျွန်းမြို့နယ်၊ မြေပုံမြို့နယ်နှင့် ပေါက်တောမြို့နယ် များသို့ သွားရောက်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်တွေ့ဆုံကာ ဆန်၊ ဆီ၊ ရေသန့်စက်နှင့် စားသောက်ဖွယ်ရာများကို ပေးအပ်ကြပြီး မိုခါမုန်တိုင်း ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးစသည့်ကဏ္ဍများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင် ရွက်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်မည့်အစီအမံများနှင့်ပတ်သက်၍ ဆွေး နွေးခဲ့။
  • ပုဏ္ဏားကျွန်းမြို့နယ်၊ မြို့မရဲစခန်း၊ မောင်တောမြို့၊ အမှတ်(၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ၊ ဘူးသီးတောင်မြို့နယ်၊ အမှတ်(၃)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ၊ စစ် တွေမြို့၊ အမှတ်(၁၂)လုံခြုံရေးရဲတပ်ဖွဲ့ခွဲနှင့် အမှတ်(၃၆)လုံခြုံရေး ရဲတပ်ဖွဲ့ခွဲ တို့သို့ သွားရောက်၍ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ မိသားစုများနှင့်တွေ့ဆုံကာ စားသောက်ကုန်ပစ္စည်းများနှင့် ထောက်ပံ့ငွေ များကို ထောက်ပံ့ပေးအပ်ခဲ့။
  • မောင်တောမြို့နယ်၊ စစ်တွေမြို့နယ်နှင့် မြေပုံမြို့နယ်များရှိ ခရိုင်ရဲတပ်ဖွဲ့မှူး ရုံးနှင့် မြန်မာ့စီးပွားရေးဘဏ်ငွေတိုက်တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့။
  • စစ်တွေလေဆိပ်တွင် ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)တိုက်ခတ်မှုကြောင့် လေဆိပ် အဆောက်အဦများ၊ ဝန်ထမ်းအိမ်ရာများ ပျက်စီးခဲ့မှု၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှု့စစ်ဆေးခဲ့။
  • မုန်တိုင်းဒဏ်ကြောင့် ပြတ်တောက်ခဲ့သည် ဆက်သွယ်ရေးလိုင်းများ၊ အဝေး ဆက်သွယ်ရေးလမ်းကြောင်းများ၊ ရုံးအဆောက်အဦများနှင့် ဝန်ထမ်းအိမ်ရာ များ ပြုပြင်ပြီးစီးမှု၊ ဆက်သွယ်ရေးရုံးဝင်းအတွင်း ယာယီတာဝါတိုင် တည် ဆောက်ထားရှိမှုနှင့် တာဝါတိုင်အသစ်တည်ဆောက်နေမှုတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့။

          ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့်အဖွဲ့တွင် ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်၊ ဆောက် လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမျိုးသန့်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ တပ်မတော်အရာရှိကြီးများပါဝင်ပြီး ၎င်းတို့၏ သက်ဆိုင် ရာဝန်ကြီးဌာနများအလိုက် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၂-၇-၂၀၂၃)

 

  • ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့သည် ဆိုင်ကလုန်းမုန်တိုင်း မိုခါဒဏ်သင့် ပုဏ္ဏားကျွန်း၊ မောင်တော၊ ဘူးသီးတောင်၊ စစ်တွေ၊ မြေပုံ၊ ပေါက် တောမြို့နယ်များအတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး စားသောက်ကုန်ပစ္စည်းများ၊ ထောက်ပံ့ငွေ နှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့။

Add new comment