စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင်လ ၁၁ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Yekaterinburg မြို့တွင် ကျင်းပသည့် (၁၃) ကြိမ်မြောက် စက်မှုကုန်စည်ပြပွဲ ဖွင့်ပွဲ အခမ်းအနားသို့ ဘီလာရုဇ်၊ ကာဇက်စတန်၊ အာမေးနီးယား၊ ဂျာဂျစ္စတန်၊ ဥဇဘက်ကစ္စတန်၊ တာဂျစ်ကစ္စတန်၊ သီရိလင်္ကာ၊ အီသီယိုးပီးယား၊ ဇင်ဘာဘွေ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ တို့မှ ဝန်ကြီးများနှင့်အတူ တက်ရောက်ခဲ့ပါသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက-
- မိမိတို့နိုင်ငံသားများ၏ သက်သာချောင်ချိရေးအတွက် ဦးတည်ကာ ပြည်တွင်း ထုတ်လုပ်မှုများကို တိုးမြှင့်ပြုလုပ်ဆောင်ရွက်နိုင်ရေး ကြိုးစားဆောင်ရွက်လျက် ရှိပြီး ပြည်တွင်းထုတ်လုပ်မှုသည် ပြည်တွင်းသုံးစွဲရန် လုံလောက်သည့်အပြင် ပိုလျှံ လာပါက အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့မှုများ ပြုလုပ်သွားနိုင်မည်ဖြစ်ကြောင်း။
- မြန်မာနိုင်ငံမှ လက်ရှိဆောင်ရွက်ဆဲဖြစ်သည့် သံမဏိထုတ်လုပ်ရေးလုပ်ငန်းကို ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ အကူအညီများ ပေးအပ်လျက်ရှိပြီး သံမဏိစက်ရုံ စီမံကိန်းတည်ဆောက်မှု လုပ်ငန်းများပြီးမြောက်၍ စတင်လည်ပတ်နိုင်ပါက ပြည် တွင်း သံမဏိလိုအပ်ချက်ကို ဖြည့်တင်းနိုင်မည်ဖြစ်ပြီး ပြည်ပမှသံမဏိ တင်သွင်း မှုများ လျှော့ချနိုင်မည်ဖြစ်ကြောင်း။
- မြန်မာနိုင်ငံအနေဖြင့်လည်း စဉ်ဆက်မပြတ် တိုးတက်နေသော စက်မှုနိုင်ငံအဖြစ် သို့ ပြောင်းလဲနိုင်ရေး အလေးထားကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးသည် ပြည်တွင်းရှိ အခြေအနေများသာမကဘဲ ပြည်ပအခြေ အနေများ၏ လွှမ်းမိုးမှုများစွာရှိသည်ကိုလည်း ဖြည့်စွက်ပြောကြားလိုကြောင်း။
- ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ လက်ရှိဆောင်ရွက်လျက်ရှိသည့် စက်မှုလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များသည် မြန်မာနိုင်ငံအတွက်လည်း အထောက်အပံ့ဖြစ်မည်ဟု ယုံကြည် ကြောင်း ရှင်းလင်းဆွေးနွေးခဲ့။
ပြည်ထောင်စုဝန်ကြီးသည် Sverdlovsk Region Governorက တည်ခင်းဧည့်ခံ သည့် ညစာစားပွဲသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ စက်မှုနှင့်ကုန်သွယ် ရေးဝန်ကြီးဌာန ဝန်ကြီး Mr. Denis Manturov ၊ နိုင်ငံတကာမှ ဝန်ကြီးများ၊ သံတမန် များနှင့်အတူ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၂-၇-၂၀၂၃)
- မြန်မာနိုင်ငံမှ လက်ရှိဆောင်ရွက်ဆဲဖြစ်သည့် သံမဏိထုတ်လုပ်ရေးလုပ်ငန်းကို ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ အကူအညီများ ပေးအပ်လျက်ရှိပြီး သံမဏိစက်ရုံစီမံ ကိန်းတည်ဆောက်မှု လုပ်ငန်းများပြီးမြောက်၍ စတင်လည်ပတ်နိုင်ပါက ပြည် တွင်း သံမဏိလိုအပ်ချက်ကို ဖြည့်တင်းနိုင်မည်ဖြစ်ပြီး ပြည်ပမှသံမဏိ တင်သွင်း မှုများ လျှော့ချနိုင်မည်ဖြစ်။
- မြန်မာနိုင်ငံအနေဖြင့်လည်း စဉ်ဆက်မပြတ် တိုးတက်နေသော စက်မှုနိုင်ငံအဖြစ် သို့ ပြောင်းလဲနိုင်ရေး အလေးထားကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးသည် ပြည်တွင်းရှိ အခြေအနေများသာမကဘဲ ပြည်ပအခြေ အနေများ၏ လွှမ်းမိုးမှုများစွာရှိ။
Add new comment