တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်၊ လူသုံးကုန်၊ မော်တော်ယာဉ်နှင့် အခြားစက်ပစ္စည်းများ ဖမ်းဆီးရမိ

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ-

  • ဇန်နဝါရီလ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ရခိုင်ပြည်နယ်၊ သံတွဲ၊ တောင်ကုတ်နှင့် ဂွမြို့နယ်တို့၌ တရားမဝင်သစ်မျိုးစုံ ၄၁.၉၀၅၆ တန်(ခန့်မှန်းတန်ဖိုးငွေကျပ် ၆၃၄,၇၉၈) ဖမ်းဆီးရမိခဲ့။
  • ဇန်နဝါရီလ ၁၉ ရက်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ မုပ္ပလင်ကျေးရွာအနီး စားသောက် ကုန်၊ လူသုံးကုန်နှင့် မော်တော်ယာဉ် စုစုပေါင်းဖမ်းဆီးရမိမှု ၆ မှု (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၅၀,၃၄၅,၈၀၀) နှင့် ပေါင်မြို့နယ် သံလွင်မြစ်အတွင်း တရားမဝင်သစ် (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၅,၀၀၀,၀၀၀) ဖမ်းဆီးရမိခဲ့။
  • ဇန်နဝါရီလ ၁၉ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်နှင့် တောင်ငူခရိုင် သစ်တောကြိုးဝိုင်းများအတွင်း တရားမဝင်သစ်မျိုးစုံ ၈.၈၉၇၄ တန်(ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၉၃၄,၁၈၆) ဖမ်းဆီးရမိခဲ့။
  • ဇန်နဝါရီလ ၁၉ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်တွင် ရွှေတူးဖော်ရာတွင် အသုံးပြုသည့် ပစ္စည်းများ(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀,၀၀၀) ဖမ်းဆီးရမိခဲ့။
  • ဇန်နဝါရီလ ၁၅ ရက်၊ ၁၆ ရက်၊ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၁၄)မှု၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၆၈,၂၁၄,၇၈၄)ဖြစ်ပါသည်။

          အဆိုပါဖမ်းဆီးရမိမှုများနှင့်ပတ်သက်၍ အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း တရာမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီက သတင်းထုတ်ပြန်ထားပါသည်။ 

  • ဇန်နဝါရီလ ၁၅ ရက်၊ ၁၆ ရက်၊ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်း မှာ အမှုတွဲ(၁၄)မှု၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၆၈,၂၁၄,၇၈၄)ရှိပြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီက အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိ။

Add new comment