ပြည်သူ့ကျန်းမာရေးနှင့် သံခင်းတမန်ခင်းနိုင်ငံတကာဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း တက်ရောက်အဖွင့်အမှာစကားပြောကြား

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ဇူလိုင်လ ၁၁ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ   ဒါကာမြို့တွင် ကျင်းပသည့် ပြည်သူ့ ကျန်းမာရေးနှင့် သံခင်းတမန်ခင်းနိုင်ငံတကာဆွေးနွေးပွဲသို့ တက်ရောက် အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။

ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက-

  • ပြည်သူ့ကျန်းမာရေးဆိုင်ရာ သံခင်းတမန်ခင်းဆိုသည်မှာ ပြည်သူ့ကျန်းမာရေးနှင့် နိုင်ငံရေးတွင် ပါဝင်ပတ်သက်သူများအကြား အပြန်အလှန်ကိုယ်စားပြုနိုင်ရေး ရည်ရွယ်ချက်ဖြင့် ရွေးချယ်ထားသော   နည်းလမ်းဖြစ်ပြီး ပူးပေါင်းဆောင်ရွက်နိုင်ခြင်း၊ အငြင်းပွားမှုပြဿနာများကို ဖြေရှင်းနိုင်ခြင်း၊ ကျန်းမာရေးစနစ်များကို ပိုမိုကောင်း မွန်လာစေခြင်းနှင့် ထိရှလွယ်သောအသိုက်အဝန်း၏   အခွင့်အလမ်းများ လုံခြုံစေ နိုင်ခြင်းများဖြစ်ကြောင်း။
  • မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုး တိုးတက်မှုနှင့် ကျန်းမာရေးဆိုင်ရာတိုးတက်မှုများ ရရှိစေရေးအတွက် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ အပြန်အလှန်လေးစားမှုနှင့် ကျန်းမာရေးဆိုင်ရာဆောင် ရွက်မှုများကို အနီးကပ်ပူးပေါင်းဆောင်ရွက်မှုများအား အခြေခံသော ချစ်ကြည် ရင်းနှီးသည့် ဆက်ဆံရေးကို အလေးအနက် တန်ဖိုးထားကြောင်း။
  • မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ထိခိုက်ခဲ့သည့် ရခိုင်ပြည်နယ်မှ ပြည်သူများအ တွက် ကယ်ဆယ်ရေးပစ္စည်းများ၊  လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူ အညီများ ပေးအပ်ခဲ့သော ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရကို ကျေးဇူးတင်ရှိကြောင်း။
  • ယခုကျင်းပသော နိုင်ငံတကာဆွေးနွေးပွဲမှတစ်ဆင့် လက်ရှိရင်ဆိုင်နေရသော ပြည်သူ့ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုပြဿနာများကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေး ခြင်းဖြင့် နှစ်နိုင်ငံကြားပိုမိုပူးပေါင်းဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်မျှော်လင့် ကြောင်း ပြောကြားခဲ့။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ်က တက်ရောက်လာသည့်နိုင်ငံများမှ နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ဝန်ကြီးများ၊   ဒုတိယဝန်ကြီးများကို တွေ့ဆုံ နှုတ်ဆက်ရာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံနိုင်ရေးအတွက် မူလအခြေအနေ ထက် ပိုမိုကောင်းမွန်အောင် ပြင်ဆင်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ အထူးသဖြင့် ပညာရေး၊ ကျန်းမာရေး၊  လူမှုရေး၊  စားဝတ်နေရေးဆိုင်ရာကိစ္စရပ်များကို အကောင်းဆုံး ပြင်ဆင်ဆောင်ရွက်ထားပြီး ပြန်လည်လက်ခံရန်အဆင်သင့်ဖြစ်နေကြောင်း၊ ဘင်္ဂလား ဒေ့ရှ်နိုင်ငံအစိုးရအနေဖြင့် အမြန်ဆုံးပြန်လည် ပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်ပေး စေလိုကြောင်း တွေ့ဆုံရှင်းလင်းပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးသည် ဘင်္ဂလားဒေ့ရှ်သမ္မတနိုင်ငံ ကျန်းမာရေးဝန်ကြီး H.E.Mr. Zahid maleque နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံကျန်းမာရေး ကဏ္ဍပူးပေါင်းဆောင် ရွက်ရေးကိစ္စရပ်များ၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်း ဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ ကူးစက်မြန်ရောဂါများကာကွယ်တားဆီးရေး ပူးပေါင်း ဆောင်ရွက်မည့်ကိစ္စရပ်များ၊ ဆေးဝါးများထုတ်လုပ်နိုင်ရေး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက် သွားမည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ပါသည်။

ပြည်သူ့ကျန်းမာရေးနှင့် သံခင်းတမန်ခင်းနိုင်ငံတကာဆွေးနွေးပွဲကို ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဒါကာမြို့တွင် ဇူလိုင်လ ၁၁ ရက်မှ ၁၂ ရက်အထိ ကျင်းပခြင်းဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် သမ္မတနိုင်ငံဝန်ကြီးချုပ်ရှိတ်ဟာဆီနာ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အရှေ့တောင်အာရှဒေသ ဆိုင်ရာနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အတွင်းဝန်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် နိုင်ငံတကာ ကျန်းမာရေးအဖွဲ့အစည်းများမှ ပညာရှင်များ၊ ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကျော်မိုးနှင့် သံအမတ်ကြီးများနှင့်  နိုင်ငံပေါင်း ၈ နိုင်ငံမှ ကိုယ်စားလှယ် အဖွဲ့များ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၂-၇-၂၀၂၃)

 

 

  • မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုး တိုးတက်မှုနှင့် ကျန်းမာရေးဆိုင်ရာတိုးတက်မှုများ ရရှိစေရေးအတွက် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ အပြန်အလှန်လေးစားမှုနှင့် ကျန်းမာရေးဆိုင်ရာဆောင် ရွက်မှုများကို အနီးကပ်ပူးပေါင်းဆောင်ရွက်မှုများအား အခြေခံသော ချစ်ကြည် ရင်းနှီးသည့် ဆက်ဆံရေးကို အလေးအနက် တန်ဖိုးထား။
  • မြန်မာနိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံနိုင်ရေးအတွက် ပညာရေး၊ ကျန်းမာရေး၊  လူမှုရေး၊ စားဝတ်နေရေး ဆိုင်ရာကိစ္စရပ်များကို အကောင်းဆုံးပြင်ဆင်ဆောင်ရွက်ထားပြီး ပြန်လည်လက်ခံ ရန်အဆင်သင့်ဖြစ်နေ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရအနေဖြင့် အမြန်ဆုံးပြန်လည် ပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးစေလို။
  • ပြည်ထောင်စုဝန်ကြီးသည် ဘင်္ဂလားဒေ့ရှ်သမ္မတနိုင်ငံ ကျန်းမာရေးဝန်ကြီးနှင့် တွေ့ဆုံ၍ ကူးစက်မြန်ရောဂါများကာကွယ်တားဆီးရေး ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များ၊ ဆေးဝါးများထုတ်လုပ်နိုင်ရေး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့။

Add new comment