ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု များဖြစ်ပေါ်ခံခဲ့ရသည့်ဒေသများသို့ သက်ဆိုင်ရာဝန်ကြီးဌာနများရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တပ်မတော်မှ ကြိုတင်စုဖွဲ့ စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေး အဖွဲ့များက လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။
- မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ခန့်အပ် တာဝန်ပေးထားသည့် တပ်မတော်မှအရာရှိကြီးများသည် ဇူလိုင်လ ၅ ရက်မှ ၁၁ ရက်အထိ ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူ၊ မာန်အောင်၊ ဘူးသီးတောင်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မောင်တော၊ ကျောက်တော်မြို့များနှင့် ချင်းပြည်နယ်၊ ပလက်ဝနှင့် ဟားခါးမြို့တို့၌ နယ်လှည့်ဆေးကုသရေးအဖွဲ့များက ကျန်းမာရေး စောင့်ရှောက်ပေးနေမှု၊ ဒေသခံပြည်သူများအား မျိုးစပါးများ ထောက်ပံ့ပေးနေမှု၊ မုန်တိုင်းတိုက်ခတ်မှုကြောင့် ကျိုးကျပြိုလဲခဲ့သော တယ်လီဖုန်းကွန်ကရစ်တိုင်များ အသစ်လဲလှယ်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး မုန်တိုင်းသင့်ဘုန်းတော်ကြီး ကျောင်းများ၊ ဒေသခံပြည်သူများအတွက် ဆောက်လုပ်ရေးပစ္စည်းများ၊ စားသောက် ကုန်ပစ္စည်းများ၊ အလှူငွေများ၊ တိုင်းရင်းဆေးမျိုးစုံတို့ကို ပေးအပ်လှူဒါန်းခဲ့။
- ဇူလိုင်လ ၅ ရက်မှ ၈ ရက်အထိ ရခိုင်ပြည်နယ်၊ စစ်တွေ၊ ကျောက်ဖြူ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်မြို့များသို့ ကြိုတင်စေလွှတ်ထားသော တပ်မတော်မှ ကူညီကယ်ဆယ်ရေးအဖွဲ့များသည် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့် ရှောက်ပေးခြင်း၊ စုပေါင်းသန့်ရှင်းရေးပြုလုပ်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့။
- ဇူလိုင်လ ၅ ရက်တွင် ၆၆ ကေဗွီ ပုဏ္ဏားကျွန်း-ရသေ့တောင်ဓာတ်အားလိုင်းနှင့် ၃၃ ကေဗွီ မင်းပြား-ပေါက်တော ဓာတ်အားလိုင်းပြန်လည်ပြုပြင်တည်ဆောက်ခြင်းလုပ် ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်သဖြင့် ရသေ့တောင်မြို့ပေါ်ရပ်ကွက် ၄ ရက်ကွက်နှင့် ကျေးရွာ ၁ ရွာ၊ ပေါက်တောမြို့ပေါ်ရပ်ကွက် ၅ ရပ်ကွက်တို့ကို ဓာတ်အားပြန်လည် ဖြန့်ဖြူးပေးထားပြီးဖြစ်ရာ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မုန်တိုင်းဒဏ်ကြောင့် ဓာတ် အားလိုင်းများပျက်စီးခဲ့သည့် မြို့နယ် ၁၀ မြို့နယ်အနက် ၈ မြို့နယ်အား ဓာတ်အား ပြန်လည်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီးဖြစ်။
- ဇူလိုင်လ ၈ ရက်နှင့် ၉ ရက်တို့တွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် အဖွဲ့ ဝင်များသည် စစ်တွေမြို့နယ်အတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု၊ စစ်တွေ မြို့ ဘက်ဆုံသုံးဆိပ်ကမ်း၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးပစ္စည်း များဖြန့်ခွဲနေမှုနှင့် ကမ်းနားလမ်းပြုပြင်နေမှု၊ ပွိုင့်ကမ်းခြေပတ်လမ်း တိုးချဲ့ဖောက် လုပ်နေမှု၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလှုပ်ရှားဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့။
- ဇူလိုင်လ ၁၀ ရက်တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်သည် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ လှူဒါန်းသည့် ရခိုင်ပြည် နယ်အတွင်းရှိ မုန်တိုင်းသင့်ပြည်သူများအတွက် ပို့ဆောင်မည့် ဆန်၊ ဆီနှင့် စား သောက်ကုန်ပစ္စည်းများ စုဖွဲ့ပြင်ဆင်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့။
ထိုသို့ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများ၊ ပရဟိတအဖွဲ့များက ပြန်လည်ထူထောင်ရေး ပူးပေါင်းဆောင်ရွက်နေမှုများကို ပြည်ထောင်စုဝန်ကြီးများ၊ သက်ဆိုင်ရာတိုင်းဒေသ ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၂ -၇-၂၀၂၃)
- ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု များဖြစ်ပေါ်ခံခဲ့ရသည့်ဒေသများသို့ တပ်မတော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိ။
Add new comment