မုန်တိုင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအား လိုအပ်သောပစ္စည်းများအား တပ်မတော် လေယာဉ်/ရဟတ်ယာဉ်၊ စစ်ရေယာဉ်များဖြင့် နေ့စဉ်ပို့ဆောင်ပေးလျက်ရှိရာ ဇူလိုင်လ ၆ ရက်တွင် အခြေခံစားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများ စုစုပေါင်း ၃.၇၆၉ တန်ကို တင်ဆောင်၍ တပ်မတော် (လေ) ရှိ လေယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ပါသည်။
ဇူလိုင်လ ၁၀ ရက်တွင် တပ်မတော်(ရေ)မှ ထောက်ပံ့ရေးရေယာဉ် ၁ စင်းသည် ဆန် ၈,၀၀၀ အိတ်၊ မိသားစုသုံးပစ္စည်း ၂,၅၉၀ စုံ၊ မီးဖိုချောင်သုံးပစ္စည်း ၃,၁၇၄ စုံ၊ ဆေးဝါးပစ္စည်း ၁၅,၀၀၀ စုံ၊ ရွက်ဖျင်တဲ ၁,၅၁၆ လုံး၊ ကူညီကယ်ဆယ်ရေးသုံးပစ္စည်း ၁,၀၇၆ အိတ်၊ စောင် ၅,၀၀၀ ထည်၊ သံကြိုးလွှစက် ၂၀ လက်၊ နေရောင်ခြည် စွမ်းအင်သုံးမီးအိမ် ၅၀ စုံ၊ VRLA ဘက္ကထရီ ၅၀ လုံး၊ တာပေါ်လင် ၁,၀၀၀ လိပ်နှင့် မွေ့ရာလိပ် ၂၀၀ ခု စုစုပေါင်း ကုန်တန်ချိန် ၇၄၉ တန်အား တင်ဆောင်၍ စစ်တွေမြို့သို့ ပို့ဆောင်ပေးခဲ့ပါသည်။
သဘာဝဘေးဒဏ်သင့်ဒေသများရှိ ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းများကို တပ်မတော်(လေ)ရှိ လေယာဉ်/ရဟတ်ယာဉ်များဖြင့် အချိန်နှင့်တစ်ပြေးညီ ပို့ဆောင်ပေးလျက်ရှိရာ မေလ ၁၅ ရက်မှ ဇူလိုင်လ ၆ ရက်ထိ ထောက်ပံ့ရေးပစ္စည်း ၅၆၄.၉ တန်၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးကြမည့် တပ်မတော်သားများနှင့် ဌာနဆိုင်ရာဝန်ထမ်း ၃,၅၄၂ ဦးတို့အား ပို့ဆောင်ပေးနိုင်ခဲ့ ကြောင်း၊ လေဆိပ်များသို့ ရောက်ရှိသည့် ကယ်ဆယ်ရေးပစ္စည်းများအား မုန်တိုင်းဒဏ်သင့်ဒေသများသို့ ရဟတ်ယာဉ် များဖြင့် ဆက်လက်ပေးပို့ဖြန့်ဖြူးလျက်ရှိရာ တာဝန်ရှိသူ များက လက်ခံရယူခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၂-၇-၂၀၂၃)
- ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA) တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများ အတွက် ထောက်ပံ့ရေးပစ္စည်းများအား တပ်မတော် လေယာဉ်/ရဟတ်ယာဉ်၊ ရေယာဉ်များ ဖြင့် ပို့ဆောင်လျက်ရှိ။
Add new comment