ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါး နှိမ်နင်းရေးတပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပူးပေါင်း၍ မူးယစ်ဆေးဝါးဖမ်းဆီးမှုများအား အလေးထားဆောင် ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်း အောက်ပါအတိုင်း ဖမ်းဆီးရမိခဲ့ပါသည်-
- ဇွန်လ ၁ ရက်မှ ၃၀ ရက်အတွင်း မြန်မာတစ်နိုင်ငံလုံးတွင် ဘိန်း ၄၆.၂၁ ကီလို၊ ဘိန်းဖြူ ၅၆.၀၇ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၇,၅၈၀,၄၆၆ ပြား၊ စိတ်ကြွရူးသွပ်ဆေးပြား အကြေ ၀.၀၁ ကီလို၊ အိုက်စ် ၇၅၇.၄၄ ကီလို၊ ဆေးခြောက် ၄၀.၅၆ ကီလို၊ ဘိန်းဆီခဲ ၂.၁၁ ကီလို၊ အဆင့်နိမ့်ဘိန်း ၀.၀၁ ကီလို၊ ဘိန်းစာရွက် ၉.၈၇ ကီလို၊ ဘိန်းစာမှုန့် ၉၄.၁ ကီလို၊ ဘိန်းစာရည် ၆ လီတာ၊ အက်တက်စီဆေးပြား ၆၆၂ ပြား၊ ကတ်တမင်း ၆.၃၆ ကီလို၊ Erimin-5 ၂,၅၀၀ ပြား၊ Frimin-5 ဆေးပြား ၇၈၀ ပြား၊ Happy Water ၁၀.၇၄ ကီလို၊ ကဖင်း ၂,၀၅၉.၆ ကီလို၊ Sodium Sulfate ၄၅၀ ကီလို၊ Sulphuric Acid ၂၂၄ လီတာ၊ Sodium Cyanide ၁၃၅ ကီလို၊ Ethyl Acetate ၁၂,၆၀၀ လီတာ၊ Ethanol ၈,၅၀၀ လီတာနှင့် Benzene (Solid) ၁,၅၀၀ ကီလို စုစုပေါင်းတန်ဖိုးငွေကျပ် သန်းပေါင်း ၃၃,၅၃၀.၇၆၈ (US$ ၁၅.၉၆၇ သန်းကျော်) တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးနိုင်ခဲ့ပြီး တရားခံအမျိုးသား ၆၂၇ ဦး၊ အမျိုးသမီး ၁၀၄ ဦး၊ စုစုပေါင်းတရားခံ ၇၃၁ ဦးဖမ်းဆီးရမိခဲ့ပါသည်။ ယခင်လနှင့် နှိုင်းယှဉ်ရာတွင် မူးယစ်ဆေးဝါးတန်ဖိုး ငွေကျပ်သန်းပေါင်း ၂၄,၆၉၉.၆၀၇ (US$ ၁၁.၇၆၂ သန်းကျော်) ပိုမိုဖမ်းဆီးရမိခဲ့ပါသည်။
အထက်ပါဖမ်းဆီးရမိသည့် တရားခံများအား သက်ဆိုင်ရာရဲစခန်းများသို့ လွှဲပြောင်း ပေးခဲ့ကာ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး လုံခြုံ ရေးတပ်ဖွဲ့ဝင်များနှင့် မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့များပူးပေါင်း၍ မူးယစ်ဆေးဝါး ကင်းစင်ရေးအတွက် ဆက်လက်ဖော်ထုတ်ဖမ်းဆီးလျက်ရှိပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၂-၇-၂၀၂၃)
- ဇွန်လအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မူးယစ်ဆေးဝါးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မူးယစ်ဆေးဝါးဖမ်းဆီးခြင်းများဆောင်ရွက်ခဲ့ရာ စုစုပေါင်းတန်ဖိုးငွေကျပ် သန်းပေါင်း ၃၃,၅၃၀.၇၆၈ (US$ ၁၅.၉၆၇ သန်းကျော်) တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးနိုင်ခဲ့ပြီး တရားခံအမျိုးသား ၆၂၇ ဦး၊ အမျိုးသမီး ၁၀၄ ဦး၊ စုစုပေါင်းတရားခံ ၇၃၁ ဦးအား ဖမ်းဆီးရမိခဲ့။
Add new comment