ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဖွံ့ဖြိုးမှုမျှဝေခြင်းအတွက် ကမ္ဘာလုံး ဆိုင်ရာ ဆောင်ရွက်ချက်ဖိုရမ်၏ ပထမအကြိမ် အဆင့်မြင့်ညီလာခံသို့တက်ရောက်

“ဖွံ့ဖြိုးမှုမျှဝေခြင်းအတွက် ကမ္ဘာလုံးဆိုင်ရာ ဆောင်ရွက်ချက်ဖိုရမ်၏ ပထမ အကြိမ် အဆင့်မြင့်ညီလာခံ” သို့ တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်း မြို့၌ ရောက်ရှိနေသော ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ဇူလိုင်လ ၉ ရက်တွင် တရုတ်နိုင်ငံ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (CIDCA)၊ ဒုတိယ ဥက္ကဋ္ဌ Mr. Deng Boqing နှင့် သီးခြားတွေ့ဆုံ၍ နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက် မှုတိုးမြှင့်ရေး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ဆဲစီမံကိန်းများ၊ အဆိုပြုစီမံကိန်းများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်း စဉ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

ဇူလိုင်လ ၁၀ ရက်တွင် “ဖွံ့ဖြိုးမှုမျှဝေခြင်းအတွက် ကမ္ဘာလုံးဆိုင်ရာဆောင်ရွက် ချက်ဖိုရမ်၏ ပထမအကြိမ် အဆင့်မြင့်ညီလာခံ” ကို “Global Development Initiative: Echo the Development Agenda and Call for Global Action” ခေါင်းစဉ်ဖြင့် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ပါဝင်တက်ရောက် ခဲ့ပါသည်။

အဆိုပါညီလာခံသို့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဗဟိုနိုင်ငံခြားရေးရာ ကော်မရှင်ရုံးအကြီးအကဲ Mr. Wang Yi ၊ တရုတ်နိုင်ငံ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး နှင့် ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (CIDCA) ဥက္ကဋ္ဌ Mr. Luo Zhao-hui ၊ ဖိတ်ကြားထားသော အာရှ၊ အာဖရိက၊ လက်တင်အမေရိက နိုင်ငံပေါင်း ၂၀ ကျော်မှ ကိုယ်စားလှယ်အဖွဲ့ များနှင့် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်း ၃၆ ခုတို့ မှ အဆင့်မြင့်ကိုယ်စားလှယ်များ၊ မြန်မာကိုယ်စားလှယ်အဖွဲ့နှင့်အတူ တရုတ်ပြည်သူ့ သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးတင်မောင်ဆွေနှင့် ကိုယ်စားလှယ်နှစ်ဦး တို့လည်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၇-၂၀၂၃)

 

  • ပြည်ထောင်စုဝန်ကြီးသည် တရုတ်နိုင်ငံ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (CIDCA)၊ ဒုတိယဥက္ကဋ္ဌနှင့် သီးခြားတွေ့ဆုံ၍ နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၏ အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ဆဲစီမံကိန်းများ၊ အဆိုပြု စီမံကိန်းများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေး နွေးခဲ့။
  • ဇူလိုင်လ ၁၀ ရက်တွင် “ဖွံ့ဖြိုးမှုမျှဝေခြင်းအတွက် ကမ္ဘာလုံးဆိုင်ရာဆောင်ရွက် ချက်ဖိုရမ်၏ ပထမအကြိမ် အဆင့်မြင့်ညီလာခံ” သို့ တက်ရောက်ခဲ့။

Add new comment