ကိုရီးယားသမ္မတနိုင်ငံ၊ Gyeongsangnam ပြည်နယ်၊ Sancheong ဒေသရှိ ရှေးရိုးရာအရှေ့ တိုင်းဆေးပညာများ၏ မွေးရပ်မြေဖြစ်သော Donguibogamchon ကျေးရွာ၌ Sancheong World Anti-aging Expo မှ ကြီးမှူးကျင်းပမည့် World Traditional Medicine & Anti-aging Expo in Sancheong Korea 2023 ကို တက်ရောက်ရန် မြန်မာနိုင်ငံအား ဖိတ်ကြားထားရှိပါသည်။
အဆိုပါပြပွဲတွင် မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များအနေဖြင့် အောက်တိုဘာလ ၉ ရက်မှ ၁၂ ရက်အထိ ပြသခွင့်ရရှိမည်ဖြစ်ပြီး ပြပွဲသို့ ကုမ္ပဏီစုစုပေါင်း ၁၅၀ ခန့် မှ ပြခန်း (၇၅) ခန်း ပြသကာ နိုင်ငံခြားသားဧည့်သည် (၆၀,၀၀၀) ဦးခန့်အပါအဝင် ဧည့်သည် စုစုပေါင်း (၁.၂) သန်းဝန်းကျင် တက်ရောက်မည်ဟု ရည်မှန်းကြောင်း သိရှိရပါသည်။
ကုန်စည်ပြပွဲသို့ လာရောက်ပြသမည့် ပြည်ပကုမ္ပဏီများအနေဖြင့် ကုမ္ပဏီ တစ်ခုလျှင် သတ်မှတ်အကျယ်အဝန်းရှိ ပြခန်းတစ်ခန်းစာအတွက် အခမဲ့လျှောက်ထားနိုင်ပြီး အသွား/အပြန်လေယာဉ်လက်မှတ်၊ ပြပွဲကာလအတွင်း တည်းခိုစရိတ်၊ စားသောက်စရိတ်တို့အား ကုမ္ပဏီတစ်ခုလျှင် ပါဝင်မည့်သူ (၁) ဦးအတွက်သာ ကျခံ ပေးသွားမည်ဖြစ်သဖြင့် မြန်မာနိုင်ငံမှ ပါဝင်ပြသလိုသည့် ကုမ္ပဏီများအနေဖြင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၀-၇-၂၀၂၃)
- WORLD TRADITIONAL MEDICINE & ANTI-AGING EXPO IN SANCHEONG KOREA 2023 သို့ မြန်မာနိုင်ငံမှ ဖိတ်ကြားခြင်းခံရ၍ အဆိုပါပြပွဲအတွက် ပါဝင် ပြသလိုသည့် ကုမ္ပဏီများအနေဖြင့် အောက်တိုဘာလ ၉ ရက်မှ ၁၂ ရက်အထိ ပြသခွင့်ရရှိမည်ဖြစ်ပြီး ကြိုတင် ပြင်ဆင်ဆောင်ရွက်လျက်ရှိ။
Add new comment