ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး၊ UNOCHA ယာယီအကြီးအကဲတို့ကို လက်ခံတွေ့ဆုံ

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Mr. Ramanathan Balakri-shnan၊ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ယာယီအကြီးအကဲ Ms. Danielle Parry တို့ကို ဇူလိုင်လ ၇ ရက်တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။  

ထိုသို့တွေ့ဆုံစဉ် မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်ရာတွင် အဆင်ပြေချောမွေ့စေရေးနှင့် ထိရောက်မှုရှိစေရေးအတွက်  ညှိနှိုင်းပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၈-၇-၂၀၂၃)

 

  • ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးအား လက်ခံတွေ့ဆုံ၍ မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အကူအညီများပေးအပ်ရာတွင် အဆင်ပြေချောမွေ့စေရေးနှင့် ထိရောက် မှုရှိစေရေးအတွက်  ညှိနှိုင်းပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့။

Add new comment