ရွှေတိဂုံစေတီတော်သို့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ဇွန်လ ၃၀ ရက်အထိ ခြောက်လတာကာလအတွင်း ပြည်တွင်း၊ ပြည်ပဘုရားဖူးဧည့်သည် ၆၄ သိန်းကျော် လာရောက်ခဲ့ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာထိန်းဂေါပကအဖွဲ့က ပြောကြားခဲ့ပါ သည်။
ပြည်တွင်း၊ ပြည်ပဘုရားဖူးဧည့်သည်လာရောက်မှုအနေဖြင့် ယင်းကာလအတွင်း သံဃာတော် ၈၆,၈၇၆ ပါး၊ သာသနာနွယ်ဝင် သီလရှင် ၄၃,၁၈၈ ပါး၊ အမျိုးသား ၂,၈၄၇,၅၂၀ ဦး၊ အမျိုးသမီး ၃,၃၉၀,၂၅၂ ဦး၊ နိုင်ငံခြားသား ၁၈,၈၂၂ ဦး၊ နိုင်ငံခြားသူ ၁၉,၆၂၃ ဦး စုစုပေါင်း ၆,၄၀၆,၂၈၁ ဦးလာရောက်ခဲ့ပါသည်။
လအလိုက် ဘုရာဖူးဝင်ရောက်ရာ၌ သံဃာတော်၊ သီလရှင်၊ လူပုဂ္ဂိုလ်စုစုပေါင်း ဇန်နဝါရီလတွင် ၉၅၄,၅၅၆ ဦး၊ ဖေဖေါ်ဝါရီလတွင် ၈၈၀,၅၁၉ ဦး၊ မတ်လတွင် ၁,၈၆၅,၃၇၆ ဦး၊ ဧပြီလတွင် ၁,၁၁၀,၇၄၀ ဦး၊ မေလတွင် ၉၉၂,၂၄၇ ဦးနှင့် ဇွန်လတွင် ၆၀၂,၈၄၃ ဦး လာရောက်ခဲ့ပြီး မတ်လနှင့် ဧပြီလတို့တွင် ဘုရားဖူးဝင်ရောက်မှုအများဆုံး ဖြစ်သည်ဟု ရွှေတိဂုံစေတီတော် ဘဏ္ဍာထိန်းဂေါပကအဖွဲ့က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၉-၇-၂၀၂၃)
- ရွှေတိဂုံစေတီတော်သို့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ဇွန်လ ၃၀ ရက်အထိ ခြောက်လတာကာလအတွင်း ပြည်တွင်း၊ ပြည်ပဘုရားဖူးဧည့်သည်လာရောက်မှု အနေဖြင့် သံဃာတော် ၈၆,၈၇၆ ပါး၊ သာသနာနွယ်ဝင်သီလရှင် ၄၃,၁၈၈ ပါး၊ အမျိုးသား ၂,၈၄၇,၅၂၀ ဦး၊ အမျိုးသမီး ၃,၃၉၀,၂၅၂ ဦး၊ နိုင်ငံခြားသား ၁၈,၈၂၂ ဦး၊ နိုင်ငံခြားသူ ၁၉,၆၂၃ ဦး စုစုပေါင်း ၆,၄၀၆,၂၈၁ ဦး လာရောက်ခဲ့။
Add new comment