အထူးကုဆေးရုံကြီး(ခုတင်-၅၀၀) ရန်ကုန်၌ (၅၇) ကြိမ်မြောက် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှု အောင်မြင်

ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုများကို အထူးကုဆေးရုံကြီး (ခုတင်-၅၀၀)  ရန်ကုန်တွင် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ၌  (၅၅)  ကြိမ်မြောက်၊ ၂၀၂၃  ခုနှစ်  မတ်လတွင်  (၅၆)  ကြိမ်မြောက် ဆောင်ရွက်နိုင်ခဲ့ပြီး ယခု (၅၇)ကြိမ်မြောက် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုတွင် လူနာမှာ ရှမ်းပြည်နယ်  ပြည်သူ့ဆေးရုံ နမ့်စန်မြို့မှ အသက်(၂၇) နှစ်ရှိ သူနာပြုအမျိုးသားဖြစ်ပြီး  အသက်(၃၂) နှစ်ရှိ  ၎င်း၏  အစ်မဖြစ်သူမှ ကျောက် ကပ်လှူဒါန်းပေးခဲ့ခြင်းဖြစ်ရာ အဆိုပါကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုကို ဇူလိုင်လ  ၆ ရက်တွင် အထူးကုဆေးရုံကြီး (ခုတင်-၅၀၀) ရန်ကုန်၌  နံနက်  ၉  နာရီတွင်  စတင် ကာ မွန်းလွဲ  ၁ နာရီ  ၄၅  မိနစ်တွင်  အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါသည်။

 ယခုကဲ့သို့ ပြည်သူ့ဆေးရုံကြီးများတွင် မြန်မာနိုင်ငံသားဆရာဝန်ကြီးများက  ဦးဆောင်၍ ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုများ အောင်မြင်စွာ ဆောင်ရွက်ပေး လျက်ရှိခြင်းကြောင့်  ပြည်တွင်း၌ပင်  လူနာများသည်  ခွဲစိတ်ကုသမှုများ ခံယူနိုင်၍ လူနာနှင့် လူနာ၏မိသားစုဝင်များအနေဖြင့်  နိုင်ငံရပ်ခြားတွင် သွားရောက်ခွဲစိတ်ကုသ ရသည့်  ဆေးကုသမှုကုန် ကျစရိတ်အများအပြားကိုလျှော့ချနိုင်ပြီး  ကျန်းမာရေးဝန်ကြီး ဌာနအနေဖြင့်လည်း  အဆိုပါ ခွဲစိတ်ကုသမှုများကို အပြည့်အဝကူညီပံ့ပိုးမှုများ ပေးအပ် လျက်ရှိပါသည်။

အဆိုပါကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုကို ရန်ကုန်တိုင်းဒေသကြီး လုံခြုံ ရေးနှင့်  နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်နှင့် လူမှုရေးရာဝန်ကြီး ဦးအောင် ဝင်းသိန်းတို့က လာရောက်ကြည့်ရှုအားပေးပြီး လူနာအတွဲအတွက်  အလှူငွေကျပ် ၁၅ သိန်းကိုလည်းကောင်း၊ ကျန်းမာရေး ဝန်ထမ်းများအတွက် ငွေကျပ် သိန်း ၃၀  ကိုလည်းကောင်း  ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၉-၇-၂၀၂၃)

 

  • (၅၇)ကြိမ်မြောက် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုကို ဇူလိုင်လ  ၆ ရက်တွင် အထူးကုဆေးရုံကြီး (ခုတင်-၅၀၀) ရန်ကုန်၌  နံနက်  ၉  နာရီမှ  စတင်ကာ မွန်းလွဲ  ၁ နာရီ  ၄၅  မိနစ်တွင်  အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့။
  • အဆိုပါကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုကို ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေး နှင့်  နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်နှင့် လူမှုရေးရာဝန်ကြီး ဦးအောင် ဝင်းသိန်းတို့က လာရောက်ကြည့်ရှုအားပေးပြီး လူနာအတွဲအတွက်  အလှူငွေ ကျပ် ၁၅ သိန်းကိုလည်းကောင်း၊ ကျန်းမာရေးဝန်ထမ်းများအတွက် ငွေကျပ် သိန်း ၃၀  ကိုလည်းကောင်း  ပေးအပ်ခဲ့။

Add new comment