အေးချမ်းစွာ စာသင်ကြားလျက်ရှိသည်ကို လိုလားမှုမရှိသည့် နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် ပညာရေးဆိုင်ရာရုံးဌာနများနှင့် စာသင်ကျောင်းများကို မိုင်းထောင်ဖောက်ခွဲခြင်းများ၊ လက်ပစ်ဗုံး၊ လက်လုပ်မိုင်းများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် စာသင်ကြားပေးလျက်ရှိသည့် ဆရာ၊ ဆရာမများအား အကြမ်းဖက်ခြိမ်းခြောက်ခြင်း၊ ရက်စက်စွာ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ဇန်နဝါရီလ ၁၉ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်နှင့် ခင်ဦးမြို့နယ်တို့တွင် ဆရာ၊ ဆရာမများအား အကြမ်းဖက်ခြိမ်းခြောက်၍ ရက်စက်စွာသတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသည်-
- အကြမ်းဖက်သမား အမျိုးသား ၄ ဦးက သေနတ်များကိုယ်စီကိုင်ဆောင်၍ တန့်ဆည်မြို့နယ်၊ မေတ္တာမြိုင်ရပ်ကွက်နေ ဒယ်ရောက်အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဖြစ်သူ ဒေါ်သန်းသန်းနွဲ့ မိသားစုနေအိမ်အတွင်းသို့ ဝင်ရောက်လာပြီး သေနတ်များဖြင့် ရက်စက်စွာ ဝိုင်းဝန်းပစ်ခတ်သတ်ဖြတ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီးနှင့် ခင်ပွန်းဖြစ်သူတို့ တွင် သေနတ်ထိမှန် ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး သမီးဖြစ်သူ၌ ယာလက်ဖျံ ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက် ရရှိခဲ့သဖြင့် ဆေးဝါးကုသနိုင်ရေးအတွက် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့။
- ခင်ဦးမြို့နယ်၊ ရွာသန်းကျေးရွာသို့ PDF အကြမ်းဖက်အဖွဲ့က ဝင်ရောက်လာပြီး ရွာသန်းအခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းဆရာဖြစ်သူ ဦးသန်းအောင်အား CDM မလုပ်သည့်အတွက်ကြောင့်လည်းကောင်း၊ ဦးချိုကြီးအား ဒလန်ဟု စွပ်စွဲ၍လည်းကောင်း ရက်စက်စွာဝိုင်းဝန်းသတ်ဖြတ်သွားခဲ့။
NUG ၏စေခိုင်းချက်ဖြင့် အလုံးစုံပျက်သုဉ်းရေးလမ်းစဉ်အရ PDF အကြမ်းဖက် သမားများအနေဖြင့် စာသင်ကျောင်းများနှင့် ကလေးသူငယ်များအား ပစ်မှတ်ထားတိုက် ခိုက်နေသည့်အပြင် ဆရာ၊ ဆရာမများအား အကြမ်းဖက်ခြိမ်းခြောက်ခြင်း၊ ရက်စက်စွာ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသဖြင့် ၎င်းတို့အား နိုင်ငံတကာမှ ဝိုင်းဝန်းဆန့်ကျင်ရန် နိုင်ငံတစ်ဝှမ်းရှိ ပြည်သူများက လိုလားလျက်ရှိပါသည်။
နယ်မြေခံပြည်သူလူထုက ထိုကဲ့သို့ အကြမ်းဖက်ကျူးလွန်ခဲ့သည့် အကြမ်းဖက် သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးနှင့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရေးတို့အတွက် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။
- အကြမ်းဖက်သမား အမျိုးသား ၄ ဦးက သေနတ်များကိုယ်စီကိုင်ဆောင်၍ မေတ္တာမြိုင် ရပ်ကွက်နေ ဒယ်ရောက်အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဖြစ်သူ ဒေါ်သန်းသန်းနွဲ့မိသားစုအား နေအိမ်အတွင်းသို့ ဝင်ရောက်လာပြီး သေနတ်များဖြင့် ရက်စက်စွာ ဝိုင်းဝန်းပစ်ခတ်သတ်ဖြတ်ခဲ့။
- ခင်ဦးမြို့နယ်၊ ရွာသန်းကျေးရွာသို့ PDF အကြမ်းဖက်အဖွဲ့က ဝင်ရောက်လာပြီး ရွာသန်းအခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းဆရာဖြစ်သူ ဦးသန်းအောင်အား CDM မလုပ်သည့်အတွက်ကြောင့်လည်းကောင်း၊ ဦးချိုကြီးအား ဒလန်ဟုစွပ်စွဲ၍လည်းကောင်း ရက်စက်စွာ ဝိုင်းဝန်းသတ်ဖြတ်သွားခဲ့။
Add new comment