၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ဇူလိုင်လ ၇ ရက်တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်၊ ရန်အောင်မြင် ကြိုးဝိုင်း အကွက်အမှတ်(၁၄)အတွင်း၌ ကျင်းပခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်၍ ကံ့ကော် ပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေးခဲ့ပါသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်အတူ ကောင်စီအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှအဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာအရာထမ်း၊ အမှုထမ်းများ၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်နှင့် အခြေခံပညာကျောင်းများမှ ကျောင်း သား၊ ကျောင်းသူများ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင်-
- သစ်ပင်သစ်တောများသည် လူသားများအပါအဝင် သက်ရှိအားလုံး ရှင်သန် ရပ်တည်နေထိုင်နိုင်ရန် အရေးကြီးသည့်အခန်းကဏ္ဍမှပါဝင်နေသည့်အတွက် သစ်ပင်သစ်တောများ မပြုန်းတီးရေးနှင့် တိုးပွားစေရန် နိုင်ငံနှင့်အဝန်း၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများကို နှစ်စဉ် ကျင်းပဆောင်ရွက်လျက်ရှိကြောင်း။
- မိမိတို့နိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုကို ပြန်လည်လေ့လာကြည့်မည်ဆိုပါက ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ သစ်တောသယံဇာတဆန်းစစ် လေ့လာခြင်း အစီရင်ခံစာအရ ၂၀၀၀ ပြည့်နှစ်တွင် နိုင်ငံဧရိယာ၏ ၅၁ ဒသမ ၅၄ ရာခိုင်နှုန်း၊ ၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံဧရိယာ၏ ၄၆ ဒသမ ၉၆ ရာခိုင်နှုန်း၊ ၂၀၁၅ ခုနှစ်တွင် နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၉၂ ရာခိုင်နှုန်းနှင့် ၂၀၂၀ ပြည့်နှစ် တွင် နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းရှိသည်ကို တွေ့ရှိရသောကြောင့် သဘာဝသယံဇာတ သစ်တောများ၏ ပြုန်းတီးမှုလျော့နည်းရေး အလေး ထားဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း။
- သစ်တောများ တစ်စထက်တစ်စ ပြုန်းတီးလာခြင်းနှင့်အတူ ရာသီဥတုဆိုးရွား လာပြီး မြစ်၊ ချောင်း၊ ကန်များ ညစ်ညမ်းလာကာ ရေချိုများ ခမ်းခြောက်လာ သည်ကို တွေ့ရှိရပြီး ဂေဟစနစ်များ ယိုယွင်းပျက်စီးမှုများနှင့်အတူ လူသားများ အသက်ရှင်ရပ်တည်ရေးအတွက် ကြီးမားသည့် ခြိမ်းခြောက်မှုများ၊ စိန်ခေါ်မှု များကိုပါ ရင်ဆိုင်နေကြရပြီဖြစ်သဖြင့် သစ်တောများ မပြုန်းတီးရေးနှင့် တိုးချဲ့ စိုက်ပျိုးရေးကို စဉ်ဆက်မပြတ်လုပ်ဆောင်သွားကြရန် လိုအပ်နေပြီဖြစ်ကြောင်း။
- နေပြည်တော်ကောင်စီနယ်မြေသည် နိုင်ငံ၏မြို့တော်ဖြစ်သည်နှင့်အညီ စိမ်း လန်း စိုပြည်သာယာလှပစေရေး၊ လူနေမှုအဆင့်အတန်းမြင့်မားစေရေး၊ သာ ယာလှပပြီး အဆင့်မီသည့် Green City ၊ Clean City ဖြစ်စေရေးကို ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ကံ့ကော်ပျိုးပင်ကို သတ်မှတ်နေရာတွင် ဦးဆောင်စိုက်ပျိုးပေးခဲ့ပြီးနောက် အခမ်းအနားသို့ တက်ရောက်လာသူများက ပျိုးပင်များကို တစ်ပြိုင်တည်း စိုက်ပျိုးပေးခဲ့ကြပါသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်သည် ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားအခမ်းအနားသို့ တက်ရောက် လာကြသူများက ပျိုးပင်များအား တပျော်တပါးစိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၈-၇-၂၀၂၃)
- မိမိတို့နိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုကို ပြန်လည်လေ့လာကြည့်မည်ဆိုပါက ကုလ သမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ သစ်တောသယံဇာတဆန်းစစ် လေ့ လာခြင်း အစီရင်ခံစာအရ ၂၀၀၀ ပြည့်နှစ်တွင် နိုင်ငံဧရိယာ၏ ၅၁ ဒသမ ၅၄ ရာခိုင်နှုန်း၊ ၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံဧရိယာ၏ ၄၆ ဒသမ ၉၆ ရာခိုင်နှုန်း၊ ၂၀၁၅ ခုနှစ်တွင် နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၉၂ ရာခိုင်နှုန်းနှင့် ၂၀၂၀ ပြည့်နှစ်တွင် နိုင်ငံ ဧရိယာ၏ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းရှိသည်ကို တွေ့ရှိရ။
- နေပြည်တော်ကောင်စီနယ်မြေသည် နိုင်ငံ၏မြို့တော်ဖြစ်သည်နှင့်အညီ စိမ်းလန်း စိုပြည်သာယာလှပစေရေး၊ လူနေမှုအဆင့်အတန်းမြင့်မားစေရေး၊ သာယာလှပ ပြီး အဆင့်မီသည့် Green City ၊ Clean City ဖြစ်စေရေးကို ရည်မှန်းဆောင်ရွက် လျက်ရှိ။
Add new comment