မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး(ဗဟို)က ကျင်းပသည့် (၁၃) ကြိမ်မြောက် သက်ကြီးပူဇော်ကန်တော့ပွဲအခမ်းအနားကို ဇူလိုင်လ ၇ ရက်တွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန -၂ Plenary Hall ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကန်တော့ခံသက်ကြီးဟာသပညာရှင်များ၊ မြန်မာနိုင်ငံ ဟာသပညာရှင်များအစည်းအရုံ (ဗဟို)မှ နာယက၊ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဟာသပညာရှင်များ၊ အနုပညာရှင်များနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် တာဝန်ရှိသူများက သက်ကြီးပညာရှင် ဂုဏ်ပြုဆု၊ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရရှိခဲ့သည့် ဟာသပညာရှင်၊ လူမှုထူးချွန်ဆု(ဒုတိယ အဆင့်)ကို ရရှိခဲ့သည့် မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံး(ဗဟို)ဥက္ကဋ္ဌနှင့် နိုင်ငံဟာသပညာရှင်များ အစည်းအရုံး(ဗဟို) ဖွဲ့စည်းနိုင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံဟာသပညာရှင်များအား ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံးမှ ဟာသပညာရှင်များက သက်ကြီးဟာသပညာရှင်ကြီးများအား ကန်တော့ခံပစ္စည်းများ ပေးအပ်ကာ စုပေါင်းကန်တော့ခဲ့ကြပြီး အခမ်းအနားအစီအစဉ်ကို ရုပ်သိမ်းခဲ့ပါသည်။
မြန်မာ့ရုပ်ရှင်၊ ဂီတ၊ သဘင်လောကတွင် ဟာသပညာရှင်များ၏ အခန်းကဏ္ဍသည် အဓိကနေရာတွင် ပါဝင်လျက်ရှိပြီး နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့်လည်း အနုပညာရှင် များကိုအလေးထား၍ အနုပညာလောကတိုးတက်စေရန်အတွက် များစွာဆောင်ရွက် ပေးလျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၈-၇-၂၀၂၃)
- မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး(ဗဟို)က ကျင်းပသည့် (၁၃) ကြိမ် မြောက် သက်ကြီးပူဇော်ကန်တော့ပွဲအခမ်းအနားကို နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန -၂ Plenary Hall ၌ ကျင်းပခဲ့။
- အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိ သူများက သက်ကြီးပညာရှင် ဂုဏ်ပြုဆု၊ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရရှိခဲ့သည့် ဟာသ ပညာရှင်၊ လူမှုထူးချွန်ဆု(ဒုတိယအဆင့်)ကို ရရှိခဲ့သည့် မြန်မာနိုင်ငံဟာသပညာ ရှင်များအစည်းအရုံး(ဗဟို)ဥက္ကဋ္ဌနှင့် နိုင်ငံဟာသပညာရှင်များ အစည်းအရုံး(ဗဟို) ဖွဲ့စည်းနိုင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံဟာသပညာရှင်များအား ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့။
Add new comment