ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ယဉ်ကျေးမှုအမွေအနှစ်များ ပြုပြင်ထိန်းသိမ်းရေး ဦးစီးကော်မတီ၏ (၁/ ၂၀၂၃) အစည်းအဝေးကို ဇူလိုင်လ ၆ ရက်တွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားစာကြည့်တိုက် ဝန်ဇင်းမင်းရာဇာ ခန်းမ၌ကျင်းပရာ ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ယဉ်ကျေးမှုအမွေအနှစ်များ ပြုပြင်ထိန်းသိမ်းရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်အမှာစကားပြောကြားခဲ့ရာ တွင်-
- မိုခါမုန်တိုင်း တိုက်ခိုက်မှုကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် စူဠာမဏိဘုရား၊ ဓမ္မရံကြီးဘုရား အပါအဝင် ဘုရား (၁၅) ဆူ၏ ပရဝဏ်ထဲ၌ ရေဝင်ရောက်ခဲ့ခြင်း၊ ဘုရား (၈) ဆူ၏ အစိတ်အပိုင်းအချို့ ထိခိုက်ပျက်စီးမှုဖြစ်ခြင်း၊ ရှေးဟောင်း အဆောက်အအုံ စေတီပုထိုး (၄၅) ဆူ အနည်းငယ် ထိခိုက်ပျက်စီးမှုဖြစ်ခြင်း တို့ကို တွေ့ရှိရ၍ သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့များ၊ ဒေသဆိုင်ရာ တာဝန်ရှိသည့်ဌာနများ ပူးပေါင်းဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရကြောင်း။
- ထိခိုက်ပျက်စီးမှုများကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန က ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်ခဲ့ရာတွင် ထိခိုက်ပျက်စီးမှု (၈) ဆူ၌ (၇)ဆူ အား ပြုပြင်ထိန်းသိမ်းပြီးစီးခဲ့ပြီး သဗ္ဗညုဘုရားတံတိုင်းအနည်းငယ်ပျက်စီးမှုမှာ တရုတ်ပညာရှင်အဖွဲ့က ဆောင်ရွက်ဆဲဖြစ်ကြောင်း။
- ပရဝဏ်အတွင်း ရေဝင်ရောက်ခဲ့သည့် ဘုရား (၁၅)ဆူအနက် စူဠာမဏိဘုရား ပရဝဏ်မှာ ရေဝင်ရောက်မှု အများဆုံးဖြစ်ခဲ့သည့်အတွက် နိုင်ငံတော်ဝန်ကြီးချုပ် ၏ လမ်းညွှန်ချက်အတိုင်း ဘုရားပရဝဏ်အတွင်း မြေမျက်နှာပြင် အနိမ့်အမြင့် တိုင်းတာမြေညှိခြင်း၊ ရေထွက်ပေါက်အဟောင်းများ ရှာဖွေပြုပြင်ခြင်း၊ လိုအပ် မည့်နေရာများတွင် မူလပုံစံမပျက်စေဘဲ အသစ်ထပ်မံဖောက်လုပ်စေခြင်းတို့ ဆောင်ရွက်ခဲ့ရာ အားလုံးပြီးစီးပြီဖြစ်ကြောင်း။
- ပုဂံဒေသသည် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်သောကြောင့် ရှေးဟောင်းအဆောက် အအုံများ ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်ရာတွင် ပြည်တွင်း/ ပြည်ပ ပညာရှင် များနှင့် ဖွဲ့စည်းထားသော နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးကော်မတီ၏ အကြံပြုချက်များ၊ နိုင်ငံတကာတွင် လက်ခံအသုံးပြုနေသော ထိန်းသိမ်းရေး ဆိုင်ရာ လိုက်နာရမည့်စည်းမျဉ်းစည်းကမ်းများ၊ နိုင်ငံတကာစံချိန်စံညွှန်းများနှင့် အညီ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
အစည်းအဝေးသို့ ကော်မတီဒုတိယဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ မကွေး တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ မကွေး တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီး အကဲများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဋ္ဌ၊ ပြည်တွင်းပညာရှင်များ၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညောင်ဦးခရိုင်နှင့် ပခုက္ကူခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၇-၇-၂၀၂၃)
- ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ယဉ်ကျေးမှုအမွေအနှစ်များ ပြုပြင်ထိန်းသိမ်းရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ် နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားစာကြည့် တိုက်ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ ရှိ ယဉ်ကျေးမှုအမွေအနှစ်များ ပြုပြင်ထိန်းသိမ်းရေးဦးစီးကော်မတီ၏ (၁ / ၂၀၂၃) အစည်းအဝေးသို့ တက်ရောက်ခဲ့။
Add new comment