နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ဆောင်ရွက်သည့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေး ချေးငွေပေးအပ်ပွဲအခမ်းအနားကို ဇူလိုင်လ ၆ ရက်တွင် နေပြည်တော်ကောင်စီ ရုံးဝင်း၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် နေပြည်တော် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဆီစက် လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူ များက ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာ့စီးပွားရေးဘဏ်နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့မှ ထုတ်ချေးပေးသည့် ချေးငွေကျပ် ၇၉၃ သန်းအား ပြည်ထောင်စုနယ်မြေ နေပြည်တော်တပ်ကုန်းမြို့မှ ရန်နိုင်ဆီစက်လုပ်ငန်းရှင်၊ စိန်စီဆီစက်လုပ်ငန်းရှင်၊ ဦးကျော်သန်းဆီစက်လုပ်ငန်းရှင်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှ သိဒ္ဓိဆီစက်လုပ်ငန်းရှင်၊ ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်မှ မျိုးအောင်ဆီစက် လုပ်ငန်းရှင်နှင့် မောင်ကောင်း ဆီစက်လုပ်ငန်းရှင်၊ မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့မှ မြေလတ်ဆီစက်လုပ်ငန်းရှင်နှင့် ကချင်ပြည်နယ်၊ မိုးညှင်းမြို့မှ မြတ်သုခဆီစက်လုပ်ငန်း ရှင်တို့ကို ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၇-၇-၂၀၂၃)
- နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ထုတ်ချေးပေးသည့် ချေးငွေကျပ် ၇၉၃ သန်းအား နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး/ပြည်နယ် ငါးခုမှ ဆီစက်လုပ်ငန်းရှင် ၈ ဦးတို့ကိုပေးအပ်ခဲ့။
Add new comment