ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ကာတာသံရုံးယာယီတာဝန်ခံ၊ အိန္ဒိယနိုင်ငံသံအမတ်ကြီး၊ ဆော်ဒီအာရေဗျနိုင်ငံသံအမတ်ကြီးနှင့် ကုလသမဂ္ဂယာယီဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး တို့အား သီးခြားစီလက်ခံတွေ့ဆုံ

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဇူလိုင်လ ၆ ရက်တွင် ကာတာသံရုံး ယာယီတာဝန်ခံ မစ္စတာ ရာရှစ်အက်ဘ်ဒူလာ အမ်.အေ.အယ်လ်-ကူဝါရီ၊ အိန္ဒိယနိုင်ငံ သံအမတ်ကြီး မစ္စတာ ဗီနေးကူးမား၊ ဆော်ဒီအာရေဗျနိုင်ငံ သံအမတ်ကြီး မစ္စတာ ဆာအု(ဒ်)ဘင် အဗ္ဗဒူ(လ်)လာ အယ်လ်စုဘိုင်နှင့် ကုလသမဂ္ဂယာယီဌာနေ ညှိနှိုင်း ရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး မစ္စတာ ရာမန သန်ဘာလာခရှစ်နန်တို့ကို ရန်ကုန်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ သီးခြားလက်ခံ တွေ့ဆုံခဲ့ပါသည်-

  • ကာတာသံရုံး ယာယီတာဝန်ခံနှင့်တွေ့ဆုံစဉ် မြန်မာ့လယ်ယာနှင့် ရေထွက်ထုတ် ကုန်များတင်ပို့သွားရေး၊ နှစ်နိုင်ငံအကြား စွမ်းအင်၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးတိုးမြှင့်သွားရေး၊ နှစ်နိုင်ငံအကြား လေကြောင်း လိုင်းများ ပြန်လည်ပျံသန်းပြေးဆွဲသွားရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင် သွားနိုင်ရန်အတွက် နားလည်မှုစာချွန်လွှာများ၊ သဘောတူစာချုပ်များရေးထိုးသွားရေး တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့။

  • အိန္ဒိယသံအမတ်ကြီးနှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား လမ်းပန်းဆက်သွယ်မှု ချိတ်ဆက်ရေးနှင့် နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းမှုတို့ အပါအဝင် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ တိုး ချဲ့ရေး၊ ဆိုင်ကလုန်း မိုခါဒဏ်သင့်ဒေသများ၌ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများတွင် အိန္ဒိယနိုင်ငံမှ ဆက်လက်အကူအညီပေးသွား ရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။

  • ဆော်ဒီသံအမတ်ကြီးနှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံမှ လယ်ယာနှင့်ရေထွက်ကုန် များကို ဆော်ဒီအာရေဗျနိုင်ငံသို့ တင်ပို့နိုင်မည့် အခွင့်အလမ်းများ ရှာဖွေရေး၊ စွမ်းအင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေး၊ အလုပ်သမားရေးရာ၊ ယဉ်ကျေးမှု၊ ပညာရေးစသည့်ကဏ္ဍများအပါအဝင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင် ရေးနှင့် နိုင်ငံတကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက် သွားရေးစသည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။

  • ကုလသမဂ္ဂဌာနေညှိနှိုင်းရေး ကိုယ်စားလှယ်နှင့် တွေ့ဆုံစဉ် ကုလသမဂ္ဂအဖွဲ့ အစည်းများနှင့် လက်အောက်ခံအဖွဲ့အစည်းများက မိုခါမုန်တိုင်းဒဏ်သင့် မြန်မာ ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်ရာတွင် အဆင်ပြေချောမွေ့ရေး၊ ထိရောက်မှုရှိစေရေးတို့အတွက် ညှိနှိုင်းပူးပေါင်းဆောင် ရွက်နိုင်မည့်ကိစ္စများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။

တွေ့ဆုံပွဲများသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီးများ၊ အဆင့်မြင့် အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ  ၇-၇-၂၀၂၃)

 

  • ပြည်ထောင်စုဝန်ကြီးနှင့် ကာတာသံရုံး ယာယီတာဝန်ခံတို့ တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား လေကြောင်းလိုင်းများ ပြန်လည်ပျံသန်းပြေးဆွဲသွားရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်သွားရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့။
  • အိန္ဒိယသံအမတ်ကြီးနှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား လမ်းပန်းဆက်သွယ်မှု ချိတ်ဆက် ရေးနှင့် နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အားလိုင်းသွယ်တန်းမှုတို့အပါအဝင် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ရေးတို့ကို ဆွေးနွေးခဲ့။
  • ဆော်ဒီသံအမတ်ကြီးနှင့် တွေ့ဆုံစဉ် စွမ်းအင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေး၊ အလုပ်သမားရေးရာ၊ ယဉ်ကျေးမှု၊ ပညာရေးစသည့် ကဏ္ဍများအပါအဝင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။
  • ကုလသမဂ္ဂဌာနေညှိနှိုင်းရေး ကိုယ်စားလှယ်နှင့် တွေ့ဆုံစဉ် ကုလသမဂ္ဂအဖွဲ့အစည်း များနှင့် လက်အောက်ခံအဖွဲ့အစည်းများက မိုခါမုန်တိုင်းဒဏ်သင့် မြန်မာပြည်သူများ အတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်ရာတွင် အဆင်ပြေ ချောမွေ့ရေးနှင့် ထိရောက်မှုရှိစေရေးတို့အတွက် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။

Add new comment