(၄၄) ကြိမ်မြောက် အာဆီယံမူးယစ်ဆေးဝါးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (44th ASEAN Senior Officials Meeting on Drug Matter and Its Related Meeting- ASOD) ကို မြန်မာနိုင်ငံက အလှည့်ကျအိမ်ရှင်အဖြစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပခဲ့ပါသည်။
ထို့နောက် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အတွင်းရေးမှူး ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက်က-
- မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးထုတ်လုပ်သယ်ဆောင်ရောင်းဝယ်မှု အခြေ အနေများနှင့် သယ်ဆောင်ရာလမ်းကြောင်း ပြောင်းလဲမှုများအပေါ်သုံးသပ်ပြီး အထူးစစ်ဆင်ရေးများကို စနစ်တကျစီမံချက်ချမှတ်ကာ ဆောင်ရွက်လျက်ရှိကြောင်း။
- ၂၀၂၂ ခုနှစ်အတွင်း လာအို၊ မြန်မာ၊ ထိုင်း ၃ နိုင်ငံ ပူးပေါင်းဆောင်ရွက်ခဲ့သည့် Operation 1511 / 22 သည် အောင်မြင်မှုများရရှိခဲ့ကြောင်း။
- လက်ရှိတွင်လည်း မူးယစ်ဆေးဝါးနှင့် ပရီကာဆာဓာတုပစ္စည်းများ တားဆီးနှိမ် နင်းရေးဆိုင်ရာ အထူးစစ်ဆင်ရေး Operation 39 ကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ဇူလိုင်လ ၃၁ ရက်အထိ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင် ရွက်လျက်ရှိကြောင်း။
- အာဆီယံအဖွဲ့ဝင်နိုင်ငံများအချင်းချင်း နိုင်ငံရေးရောယှက်မှုကင်းရှင်းစွာဖြင့် သတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီ မျှဝေဖလှယ်မှုများနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်သွားရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
ယင်းနောက် (၄၃) ကြိမ်မြောက် ASOD အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခဲ့သည့် မလေးရှားနိုင်ငံ ASOD ခေါင်းဆောင်က (၄၄) ကြိမ်မြောက် ASOD အစည်း အဝေး အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် မြန်မာနိုင်ငံ ASOD ခေါင်းဆောင် ရဲမှူးချုပ် ဝင်းနိုင်ထံ သဘာပတိ တာဝန်ကို လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
ဇူလိုင်လ ၅ ရက်တွင် 44th ASOD လုပ်ငန်းအဖွဲ့(၅)ဖွဲ့ဖြစ်သော ကြိုတင်ကာကွယ် ရေးနှင့် အသိပညာပေးရေးလုပ်ငန်းအဖွဲ့၊ ကုသရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း အဖွဲ့၊ တားဆီးနှိမ်နင်းရေးလုပ်ငန်းအဖွဲ့၊ အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းအဖွဲ့နှင့် သုတေသန လုပ်ငန်းအဖွဲ့တို့၏ အစည်းအဝေးများကျင်းပခဲ့ပြီး အာဆီယံအဖွဲ့ဝင် (၁၀) နိုင်ငံမှ ကိုယ်စား လှယ်များ တက်ရောက်ခဲ့ကြကာ မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် ဦးဆောင်ဆွေးနွေးခဲ့ ကြောင်း သိရှိရပါသည်။
44th ASOD အစည်းအဝေးသို့ အာဆီယံနိုင်ငံများအပါအဝင် မိတ်ဘက်နိုင်ငံများ ဖြစ်သော တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ကိုးရီးယားနိုင်ငံ၊ ရုရှားနိုင်ငံ၊ ကုလသမဂ္ဂ မူးယစ် ဆေးဝါးနှင့်ပြစ်မှုဆိုင်ရာရုံး (UNODC)၊ ဩစတြေးလျ ပြည်ထောင်စုရဲတပ်ဖွဲ့ (AFP) တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ဇူလိုင်လ ၇ ရက်အထိ ဆက်လက် ကျင်းပသွား မည်ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၇-၇-၂၀၂၃)
- (၄၄) ကြိမ်မြောက် အာဆီယံမူးယစ်ဆေးဝါးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (44th ASEAN Senior Officials Meeting on Drug Matter and Its Related Meeting- ASOD) ကို မြန်မာနိုင်ငံက အလှည့်ကျအိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့။
- 44th ASOD အစည်းအဝေးသို့ အာဆီယံနိုင်ငံများအပါအဝင် မိတ်ဘက်နိုင်ငံများ ဖြစ်သော တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ကိုးရီးယားနိုင်ငံ၊ ရုရှားနိုင်ငံ၊ ကုလသမဂ္ဂ မူးယစ် ဆေးဝါးနှင့်ပြစ်မှုဆိုင်ရာရုံး (UNODC)၊ ဩစတြေးလျ ပြည်ထောင်စုရဲတပ်ဖွဲ့ (AFP) တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့။
Add new comment