နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ လက်ရှိပြည်တွင်း နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့်ပတ်သက်၍ သံတမန်များအား ရှင်းလင်းပြောကြား

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံ၏ လက်ရှိပြည်တွင်းနိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့်ပတ်သက်၍ ရန်ကုန် မြို့အခြေစိုက် သံတမန်များနှင့် ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ်တို့အား ရှင်းလင်းပြော ကြားမှုအစီအစဉ်ကို ဇူလိုင်လ ၆ ရက်တွင် ရန်ကုန်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ပြုလုပ်ခဲ့ပါသည်။

အဆိုပါ ရှင်းလင်းပြောကြားမှုအစီအစဉ်သို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးချမ်းအေး၊ ပြန်ကြားရေးဝန်ကြီးဌာန မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာတင်၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ ပါဝင် တက်ရောက်ခဲ့ပြီး ရန်ကုန်မြို့ရှိ သံရုံးများမှ သံအမတ်ကြီးများ၊ အဆင့်မြင့်သံတမန် များနှင့် ကုလသမဂ္ဂဌာနေကိုယ်စားလှယ်တို့ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

ရှင်းလင်းပွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက-

  • မြန်မာအစိုးရ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့်အညီ တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်း ရေးအပါအဝင် ဒီမိုကရေစီဖော်ဆောင်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် အခြေအနေများ၊
  • မြန်မာနိုင်ငံသည် ကိုဗစ်-၁၉ ကပ်ရောဂါ၊ ရွေးကောက်ပွဲမသမာမှုနှင့်ဆက်စပ်သည့် မတည်ငြိမ်မှုများ၊ ဆိုင်ကလုန်းမုန်တိုင်း မိုခါကဲ့သို့သော သဘာဝဘေးအန္တရာယ်နှင့် ပထဝီဝင်နိုင်ငံရေးအရ သက်ရောက်မှုများနှင့် သတင်းမီဒီယာစစ်ပွဲဆိုင်ရာစိန်ခေါ်မှု များကို ရင်ဆိုင်နေရသော်လည်း တရားဥပဒေစိုးမိုးရေးဆောင်ရွက်ခြင်း၊ ငြိမ်းချမ်း၍ အများပါဝင်နိုင်သော နိုင်ငံရေးလုပ်ငန်းစဉ်ဖော်ဆောင်ခြင်းတို့ဖြင့် ကြိုးပမ်းလျက်ရှိ သည့် အခြေအနေများ၊
  • အာဆီယံတူညီဆန္ဒ (၅) ချက် ဖော်ဆောင်ရာတွင် အရေးကြီးဆုံးအချက်များဖြစ်သည့် အကြမ်းဖက်မှုများရပ်တန့်ရေး၊ အားလုံးပါဝင်သည့်ဆွေးနွေးပွဲများ ကျင်းပရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှုများပေးအပ်ရေးတို့ကို လည်း ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊
  • မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို အကြိမ် ၅၀၀၀ ကျော် ကျင်းပခဲ့ပြီး ဖြစ်ကာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အပစ်အခတ်ရပ်စဲမှု စတင် ခဲ့သည်မှာ ၃၃ နှစ်တိုင်ရှိပြီး အပြီးသတ်ငြိမ်းချမ်းရေးအတွက် မြန်မာအစိုးရအဆက် ဆက်မှ ကြိုးပမ်းအားထုတ်ခဲ့သည့်အခြေအနေများ၊
  • တပ်မတော်အနေဖြင့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် အရ စတင်တိုက်ခိုက်မှုမပြုခြင်း၊ ပြည်သူများအား အကာအကွယ်ပေးရန် ထိန်းထိန်း သိမ်းသိမ်းနှင့် ထိခိုက်မှုအနည်းဆုံးဖြစ်စေရန် ဂျီနီဗာကွန်ဗင်းရှင်းပါ စည်းမျဉ်းများ နှင့်အညီ ဆောင်ရွက်ခဲ့သည့်အခြေအနေများ၊
  • PDF အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၅၉၃၈ (အရပ် သား ၄၈၇၈ ဦးနှင့် အစိုးရဝန်ထမ်း ၁၀၆၀ ဦး) ကျော် ထိခိုက်သေဆုံးခဲ့ခြင်း၊ PDF များ၏ အဖျက်အမှောင့် လုပ်ငန်းများကျူးလွန်မှုများ၊ ဒီမိုကရေစီဖော်ဆောင်ရေးလုပ် ငန်းစဉ်များအား အဟန့်အတားဖြစ်အောင် လုပ်ဆောင်နေမှုများ၊
  • PDF များ၏ ဥပဒေပြင်ပလုပ်ရပ်များမှ ပြည်သူများအားကာကွယ်ရန် အစိုးရအနေဖြင့် တုံ့ပြန်ဆောင်ရွက်ရခြင်းဖြစ်သည့် အခြေအနေများ၊
  • ရခိုင်ပြည်နယ်ရှိ လူမှုအသိုက်အဝန်းများအကြား ငြိမ်းချမ်းရေးနှင့် သဟဇာတရှိစေ ရေးကြိုးပမ်းဆောင်ရွက်မှုများ၊ ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ်များတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ချုပ်ဆိုထားသည့် သဘောတူစာချုပ် အကောင်အထည်ဖော်ဆောင် မှုအခြေအနေများနှင့် နိုင်ငံသားစိစစ်ပြီးသည့် နေရပ်စွန့်ခွာသူများအား ပြန်လည် လက်ခံရေးလုပ်ငန်းစဉ်ကို ဆောလျင်စွာစတင်နိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊
  • မိုခါမုန်တိုင်းဒဏ် ခံစားခဲ့ရသည့်ဒေသများနှင့် ပြည်သူများအား ကူညီကယ်ဆယ်မှု များနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် အစိုးရ၏ ကြိုးပမ်းဆောင်ရွက် မှုများ၊ ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားခဲ့။

ရှင်းလင်းပွဲသို့ တက်ရောက်လာကြသည့် သံတမန်များက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ရှင်းလင်းပြောကြားပြီးနောက် ခင်းကျင်းပြသထား သည့်မှတ်တမ်းဓာတ်ပုံများ၊ အချက်အလက်များကို ကြည့်ရှုခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၇-၇-၂၀၂၃)

 

  • မြန်မာနိုင်ငံသည် ကိုဗစ်-၁၉ ကပ်ရောဂါ၊ ရွေးကောက်ပွဲမသမာမှုနှင့်ဆက်စပ်သည့် မတည်ငြိမ်မှုများ၊ သဘာဝဘေးအန္တရာယ်နှင့် ပထဝီဝင်နိုင်ငံရေးအရ သက်ရောက်မှု များနှင့် သတင်းမီဒီယာစစ်ပွဲဆိုင်ရာစိန်ခေါ်မှုများကို ရင်ဆိုင်နေရသော်လည်း တရား ဥပဒေစိုးမိုးရေးဆောင်ရွက်ခြင်း၊ ငြိမ်းချမ်း၍ အများပါဝင်နိုင်သော နိုင်ငံရေးလုပ်ငန်း စဉ် ဖော်ဆောင်ခြင်းတို့ဖြင့် ကြိုးပမ်းလျက်ရှိ။
  • အာဆီယံတူညီဆန္ဒ () ချက် ဖော်ဆောင်ရာတွင် အရေးကြီးဆုံးအချက်များဖြစ် သည့် အကြမ်းဖက်မှုများရပ်တန့်ရေး၊ အားလုံးပါဝင်သည့်ဆွေးနွေးပွဲများ ကျင်းပရေး နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှုများပေးအပ်ရေးတို့ကို လည်း ဆောင်ရွက်လျက်ရှိ။
  • တပ်မတော်အနေဖြင့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် အရ စတင်တိုက်ခိုက်မှုမပြုဘဲ ပြည်သူများအား အကာအကွယ်ပေးရန် ထိန်းထိန်း သိမ်းသိမ်းနှင့် ထိခိုက်မှုအနည်းဆုံးဖြစ်စေရန် ဂျီနီဗာကွန်ဗင်းရှင်းပါ စည်းမျဉ်းများ နှင့်အညီ ဆောင်ရွက်ခဲ့။
  • PDF အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၅၉၃၈ (အရပ် သား ၄၈၇၈ ဦးနှင့် အစိုးရဝန်ထမ်း ၁၀၆၀ ဦး) ကျော် ထိခိုက်သေဆုံးခဲ့။
  • PDF များ၏ ဥပဒေပြင်ပလုပ်ရပ်များမှ ပြည်သူများအားကာကွယ်ရန် အစိုးရအနေ ဖြင့် တုံ့ပြန်ဆောင်ရွက်ရခြင်းဖြစ်။
  • နိုင်ငံသားစိစစ်ပြီးသည့် နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို ဆောလျင်စွာစတင်နိုင်ရေး ဆောင်ရွက်လျက်ရှိ။

Add new comment