ပို့ကုန်ရငွေများနှင့်ပတ်သက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အမိန့်ကြော်ငြာစာထုတ်ပြန်

        မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဒီဇင်ဘာလ ၂၅ ရက်တွင် အမိန့်ကြော်ငြာစာ အမှတ် ၂၇/ ၂၀၂၃ ဖြင့် ပို့ကုန်ရငွေများအား ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်ရမည့်ကာလကို အာရှနိုင်ငံများသို့ တင်ပို့သည့် ပို့ကုန်များအတွက် ပို့ကုန်တင်ပို့သည့်နေ့မှ ယခင် (၄၅) ရက်အစား (၃၀) ရက်သို့လည်းကောင်း၊ အာရှနိုင်ငံများမှအပ အခြားနိုင်ငံများသို့ တင်ပို့သည့်ပို့ကုန်များအတွက် ပို့ကုန်တင်ပို့သည့်နေ့မှ ယခင်ရက် (၉၀) အစား ရက် (၆၀) သို့လည်းကောင်း မြန်မာနိုင်ငံအတွင်းရှိ ပို့ကုန်တင်ပို့သူ၏ ဘဏ်ငွေစာရင်းသို့ မပျက်မကွက်ထည့်သွင်းရန် ပြင်ဆင် သတ်မှတ်လိုက်ပြီး လိုက်နာဆောင်ရွက်ခြင်းမရှိပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၆-၁၂-၂၀၂၃)

 

  • ပို့ကုန်ရငွေများအား ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်ရမည့်ကာလကို အာရှနိုင်ငံများသို့ တင်ပို့သည့် ပို့ကုန်များအတွက် ပို့ကုန်တင်ပို့သည့်နေ့မှ ယခင် (၄၅) ရက်အစား (၃၀) ရက်သို့လည်းကောင်း၊
  • အာရှနိုင်ငံများမှအပ အခြားနိုင်ငံများသို့ တင်ပို့သည့်ပို့ကုန်များအတွက် ပို့ကုန်တင်ပို့သည့်နေ့မှ ယခင်ရက် (၉၀) အစား ရက် (၆၀) သို့လည်းကောင်း မြန်မာနိုင်ငံအတွင်းရှိ ပို့ကုန်တင်ပို့သူ၏ ဘဏ်ငွေစာရင်းသို့ မပျက်မကွက်ထည့်သွင်းရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ပြင်ဆင်သတ်မှတ်ခဲ့။

Add new comment