ကျောက်တံခါးမြို့နယ်၊ ဘာဘူကုန်းကျေးရွာအတွင်းသို့ PDF အကြမ်းဖက်သမားများက Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရရှိ

     တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်အချို့၌ အကြမ်းဖက်မှုကို လိုလားသူ လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အကြမ်းဖက်အဖွဲ့များက စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့ပြည်သူများ သွားလာရာလမ်းတံတားများ၊ နေထိုင်ရာရပ်ကွက်၊ ကျေးရွာများ အတွင်းသို့ လက်နက်ကြီး၊ လက်လုပ်စိန်ပြောင်း၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် နေအိမ်များအား အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိပါသည်။

ဒီဇင်ဘာလ ၂၅ ရက်တွင် PDF အကြမ်းဖက်သမားများက ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ဘာဘူကုန်းကျေးရွာအတွင်းသို့ Drone များအသုံးပြု၍ Drop Bomb ၂ ကြိမ် ပစ်ချတိုက်ခိုက်ခဲ့ရာ အသက် (၆) နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၄ ဦး ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ပါသည်။

အကြမ်းဖက်သမားများအနေဖြင့် ကျေးရွာအတွင်းသို့ အကြောင်းမဲ့လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ကလေးငယ်များအပါအဝင် ပြည်သူများ၏အသက်၊ အိုးအိမ်စည်းစိမ်များ ထိခိုက်နစ်နာဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့ပါသည်။ အဆိုပါအကြမ်းဖက် တိုက်ခိုက်မှုသည် လူမဆန်သည့်လုပ်ရပ်ပင်ဖြစ်ပြီး ပြည်သူများအနေဖြင့်လည်း ၎င်းတို့၏လုပ်ရပ်အပေါ် ရွံရှာမုန်းတီးလျက်ရှိပါသည်။

ဖြစ်စဉ်အတွင်းမှ ထိခိုက်ဒဏ်ရာရရှိသူများသည် ကျောက်တံခါးမြို့နယ်၊ ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူလျက်ရှိကြောင်း၊ အပြစ်မဲ့ပြည်သူများအား ထိခိုက်ဒဏ်ရာရရှိအောင် လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများ၏ ရက်စက်ယုတ်မာသော လုပ်ရပ်များအား ဒေသခံ ပြည်သူများအနေဖြင့် လက်မခံနိုင်ဘဲ ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၆-၁၂-၂၀၂၃)

 

  • PDF အကြမ်းဖက်သမားများက ဘာဘူကုန်းကျေးရွာအတွင်းသို့ Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် ကျေးရွာနေ ကလေးငယ်တစ်ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့။

Add new comment