၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ပပို့ကုန်များ တိုးမြှင့်ဆောင်ရွက်လျက်ရှိ

        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ တာဝန်ယူစဉ်ကာလအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းများနှင့် ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် ပြည်ပပို့ကုန်များ တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ-

  • ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဒီဇင်ဘာလ ၁၅ ရက်အထိ ရှစ်လကျော်ကာလအတွင်း ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ပင်လယ်ရေကြောင်းကုန်သွယ်ရေးမှ ၉၆၄,၉၈၇ ဒသမ ၈၄၄ တန်နှင့် နယ်စပ်ကုန်သွယ်ရေးမှ ၁၃၅,၃၈၃ ဒသမ ၃၉၈ တန် စုစုပေါင်း ၁,၁၀၀,၃၇၁ ဒသမ ၂၄ တန် တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၉၃၁ ဒသမ ၉၅၅ သန်းရရှိခဲ့။
  • ယခုဘဏ္ဍာနှစ် ဧပြီလမှ နိုဝင်ဘာလအထိ တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်မှ ပနားမီးပုစွန်ဖြူ ၅,၀၇၁ ဒသမ ၂၃၆ တန် တင်ပို့ထား။
  • ယခုဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာလ ၁၅ ရက်အထိ ၈ လကျော်အတွင်း ရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄၇၉ ဒသမ ၈၉၈ သန်း ရရှိထား။

မြန်မာ့ရေထွက်ကုန်ပစ္စည်းများကို နိုင်ငံပေါင်း ၄၅ နိုင်ငံသို့ နှစ်စဉ်တင်ပို့လျက်ရှိ ပြီး အသားကဏ္ဍအနေဖြင့် လက်ရှိတွင် တိရစ္ဆာန်အရှင်များကိုသာ အိမ်နီးချင်းနိုင်ငံသို့ နယ်စပ်မှတစ်ဆင့် အဓိကတင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၆-၁၂-၂၀၂၃)

 

  • ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဒီဇင်ဘာလ ၁၅ ရက်အထိ ရှစ်လကျော်ကာလအတွင်း ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ,၁၀၀,၃၇၁ ဒသမ ၂၄ တန် တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၉၃၁ ဒသမ ၉၅၅ သန်းရရှိခဲ့။
  • ယခုဘဏ္ဍာနှစ် ဧပြီလမှ နိုဝင်ဘာလအထိ တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်မှ ပနားမီးပုစွန်ဖြူ ၅,၀၇၁ ဒသမ ၂၃၆ တန် တင်ပို့ထား။
  • ယခုဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာလ ၁၅ ရက်အထိ ၈ လကျော်အတွင်း ရေထွက် ကုန်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄၇၉ ဒသမ ၈၉၈ သန်းရရှိထား။

Add new comment