တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန် လုပ်ကြံသတင်းများရေးသားဖြန့်ဝေလျက်ရှိ

     တရားမဝင် ပြည်ဖျက်မီဒီယာများမှ နိုင်ငံတွင်း မတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှုများဖြစ်လာစေရန်အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီးရေးသားလျက်ရှိသည့်အပြင် တပ်မတော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံတကာမျက်နှာစာ တွင် တပ်မတော်အား အထင်အမြင်လွဲမှားစေရန်အတွက် နည်းလမ်းမျိုးစုံအသုံးပြု၍ သွေးခွဲသပ်လျှိုလျက်ရှိပါသည်-

  • Narinjara အမည်ရှိ တရားမဝင်မီဒီယာတစ်ခုမှ တင်ထားသော တပ်မတော်မှ မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုပြတိုက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့်သတင်းသည် သတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ AA လက်နက်ကိုင်သောင်းကျန်းသူများက မြောက်ဦးမြို့အတွင်း ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ဒေသခံပြည်သူများ နေထိုင်လျက်ရှိသော လူနေအဆောက်အအုံနှင့် မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုပြတိုက်တို့တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး လူနေအဆောက်အအုံအချို့နှင့် ကျောက်စာချပ်များပျက်စီးခဲ့ကြောင်း သိရှိရ။
  • Ayeyarwaddy Times အမည်ရှိ တရားမဝင်မီဒီယာတစ်ခုမှတင်ထားသော ပုသိမ်ရွှေမုဋ္ဌောဘုရား ရွှေသင်္ကန်းကပ်လှူရန် ကောက်ခံထားသည့် ငွေကျပ်သိန်း  ၆,၀၀၀ ကို တိုင်းစစ်ဌာနချုပ်မှ ရန်ပုံငွေအဖြစ် သိမ်းယူခဲ့ဟူသည့် သတင်းသည် သတင်းအတု၊ သတင်းအမှားသာဖြစ်ပြီး အဆိုပါကိစ္စနှင့်ပတ်သက်၍ စေတီတော်ကြီးများအတွက် လှူဒါန်းထားသည့် အလှူတော်ငွေများအား မည်သည့်ဌာနဆိုင်ရာ အဖွဲ့အစည်းများမှ သိမ်းဆည်းယူဆောင်ထားခြင်းမရှိဘဲ သက်ဆိုင်ရာဂေါပကအဖွဲ့များထံတွင်သာ စနစ်တကျ ထိန်းသိမ်းထားရှိကြောင်း သိရှိရ။

တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် ဒေသခံပြည်သူများက တပ်မတော်အပေါ် အထင်အမြင်လွဲမှားစေရန်၊ ပြည်သူနှင့် တပ်မတော်ပူးပေါင်း၍ အကြမ်းဖက်မှုချေမှုန်းရေးစစ်ဆင်ရေးဆောင်ရွက်မှုကို ထိခိုက်စေရန်နှင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် အတွက် မဟုတ်မမှန်လုပ်ကြံ၍ သတင်းအတု၊ သတင်းအမှားများအား ဖန်တီးရေးသားဖြန့်ဝေခြင်းသာဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၆-၁၂-၂၀၂၃)

 

  • တပ်မတော်မှ မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုပြတိုက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့်သတင်းသည် သတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ AA လက်နက်ကိုင်သောင်းကျန်းသူများက မြောက်ဦးမြို့အတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သော ကြောင့် ဒေသခံပြည်သူများနေထိုင်လျက်ရှိသော လူနေအဆောက်အအုံနှင့် မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုပြတိုက်တို့တွင် ကျရောက်ပေါက်ကွဲခဲ့။
  • ပုသိမ်ရွှေမုဋ္ဌောဘုရား ရွှေသင်္ကန်းကပ်လှူရန် ကောက်ခံထားသည့် ငွေကျပ်သိန်း  ,၀၀၀ ကို တိုင်းစစ်ဌာနချုပ်မှ ရန်ပုံငွေအဖြစ် သိမ်းယူခဲ့ဟူသည့်သတင်းသည် သတင်းအတု၊ သတင်းအမှားသာဖြစ်။

Add new comment