တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်လုပ်ကြံသတင်းများ ရေးသားဖြန့်ဝေလျက်ရှိ

     တရားမဝင် ပြည်ဖျက်မီဒီယာများမှ နိုင်ငံတွင်း မတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှုများဖြစ်လာစေရန်အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီးရေးသားလျက်ရှိသည့်အပြင် တပ်မတော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံတကာမျက်နှာစာ တွင် တပ်မတော်အား အထင်အမြင်လွဲမှားစေရန်အတွက် နည်းလမ်းမျိုးစုံအသုံးပြု၍ သွေးခွဲသပ်လျှိုလျက်ရှိပါသည်-

  • Delta News Agency အမည်ရှိ တရားမဝင်မီဒီယာတစ်ခုမှ တင်ထားသော မြောင်မြို့နယ်၊ ကျောက်တန်းရွာအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံ ၁၀ ဦးကျော်ကို ဖမ်းဆီးပြီး ၁ ဦးလျှင် ငွေကျပ်တစ်သောင်းဖြင့် ပြန်ရွေးခိုင်းဟူသည့်သတင်းသည် သတင်း အတု၊ သတင်းအမှားဖြစ်ပြီး အဆိုပါကျေးရွာအတွင်း အကြမ်းဖက်သမားများ ဝင်ရောက်မှုမရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးတာဝန်များကို ဆောင်ရွက်ခဲ့ရာ ဖောက်ခွဲဖျက်ဆီးမှုနှင့်ပတ်သက်သည့် ပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့ ကြောင်းနှင့် ဒေသခံများအား ဖမ်းဆီးခဲ့ခြင်းမရှိကြောင်း သိရှိရ။

တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် ဒေသခံပြည်သူများက တပ်မတော်အပေါ် အထင်အမြင်လွဲမှားစေရန်၊ ပြည်သူနှင့် တပ်မတော်ပူးပေါင်း၍ အကြမ်းဖက်မှုချေမှုန်းရေး စစ်ဆင်ရေးဆောင်ရွက်မှုကို ထိခိုက်စေရန်နှင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် အတွက် မဟုတ်မမှန်လုပ်ကြံ၍ သတင်းအတု၊ သတင်းအမှားများအား ဖန်တီးရေးသားဖြန့်ဝေခြင်းသာဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၅-၁၂-၂၀၂၃)

 

  • မြောင်မြို့နယ်၊ ကျောက်တန်းရွာအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံ ၁၀ ဦးကျော်ကို ဖမ်းဆီးပြီး ၁ ဦးလျှင် ငွေကျပ်တစ်သောင်းဖြင့် ပြန်ရွေးခိုင်းဟူသည့် သတင်းသည် သတင်းအတု၊ သတင်းအမှားဖြစ်။

 

 

Add new comment