နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်

     ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ပညာရေးဒီဂရီ ကောလိပ်ပေါင်းစုံအားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၂ ရက်တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (A) ၌ ကျင်းပခဲ့ရာ ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကား ပြောကြားခဲ့ရာတွင်-

  • အားကစားသည် နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ ကျန်းမာကြံ့ခိုင်မှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယကြီးမားမှုနှင့် စည်းလုံးညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်တတ်မှု၊ စည်းကမ်းလိုက်နာတတ်မှုတို့ကို ထင်ဟပ်ပေါ်လွင်စေနိုင်သည့် စွမ်းရည်ပြပြိုင်ပွဲတစ်မျိုးဖြစ်ကြောင်း။
  • အနာဂတ်နိုင်ငံတော်ကို ဦးဆောင်ဦးရွက်ပြုကြရမည့် ယနေ့လူငယ်များအနေဖြင့် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလဆိုသည့် ဗလငါးတန်နှင့် ပြည့်စုံစေရေးကို အစဉ်တစိုက် ကြိုးပမ်းမြှင့်တင်တည်ဆောက်နေကြရမည် ဖြစ်ကြောင်း။
  • ဒီဂရီကောလိပ်အဆင့်၊ ဇုန်အဆင့်၊ ဗဟိုအဆင့် အားကစားပွဲများ ကျင်းပပေးခြင်းအားဖြင့် ကျောင်းသား ကျောင်းသူများသည် အချင်းချင်းထိတွေ့မှု၊ ချစ်ခင်ရင်းနှီးမှု၊ ညီညွတ်မှု၊ ဒေသန္တရဗဟုသုတများရရှိမှုအပြင် အားကစားတွင် ထူးချွန်သည့် အခြေခံပညာ ဆရာ/ဆရာမများအဖြစ် ပေါ်ထွန်းလာစေမည်ဖြစ်ကြောင်း။
  • တက္ကသိုလ်ပေါင်းစုံ၊ ပညာရေးကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲများမှ နိုင်ငံ့ဂုဏ်ဆောင်လက်ရွေးစင်အားကစားသမားများ ထပ်မံပေါ်ထွန်းလာလိမ့်မည်ဟု ယုံကြည်သည့်အတွက် တစိုက်မတ်မတ် ကြိုးစားသွားကြပါဟု တိုက်တွန်းလိုပါကြောင်း။
  • အားကစားမောင်တို့မယ်တို့သည် ယှဉ်ပြိုင်ကစားရာတွင် အားကစားသမားတစ်ဦးနှင့်တစ်ဦး အပြန်အလှန်လေးစားခြင်း၊ ချစ်ခင်ညီညွတ်ခြင်း၊ ကူညီရိုင်းပင်း ခြင်း၊ ရဲဘော်ရဲဘက်စိတ်ထားရှိခြင်းတို့နှင့် ယှဉ်ပြိုင်သွားကြစေလိုကြောင်း။
  • ဘက်စုံထူးချွန်သည့် လူ့စွမ်းအားအရင်းအမြစ်များကို ပြုစုပျိုးထောင်ပေးမည့် ဆရာ/ဆရာမလောင်းများအနေဖြင့် ကိုယ်တိုင်ဘက်စုံ ထူးချွန်နေရန် ဆက်လက် ကြိုးစားသင်ယူလေ့ကျင့်နိုင်ကြပါစေကြောင်း ပြောကြားခဲ့ပြီး “၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေး ဒီဂရီကောလိပ်ပေါင်းစုံအားကစားပြိုင်ပွဲ” ကို ဖွင့်လှစ်ပေးခဲ့ပါသည်။

ထို့နောက် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံမှ အားကစားပြိုင်ပွဲ အထိမ်းအမှတ်အလံကို အားကစားမောင်မယ်များက စုပေါင်းသယ်ယူ၍ လွှင့်တင်ပြီး အားကစားမောင်မယ် ကျောင်းသားကျောင်းသူများက အားကစားသစ္စာအဓိဋ္ဌာန်ကို ရွတ်ဆိုခဲ့ကြပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည်  ပြိုင်ပွဲဝင်အသင်းများမှ အသင်းအုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြပါသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်သည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ မိတ္ထီလာပညာရေးဒီဂရီကောလိပ်၊ လှည်းကူးပညာရေးဒီဂရီကောလိပ်နှင့် တောင်ငူပညာရေးဒီဂရီကောလိပ်တို့မှ ကျောင်းသား ကျောင်းသူများက Physical Fitness Dance ၊ မြန်မာ့သိုင်း၊ ပဝါက၊ မြန်မာ့ခြင်းဝိုင်းနှင့် အေရိုးဗစ်သရုပ်ပြသမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြပါသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်မှ အဆင့်မြင့်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ပါမောက္ခချုပ် များ၊ ပညာရေးဒီဂရီကောလိပ်အသီးသီးမှ ကျောင်းအုပ်ကြီးများ၊ အားကစားအဖွဲ့ခေါင်းဆောင်များ၊ အားကစားနည်းအလိုက် အုပ်ချုပ်သူနည်းပြများ၊ အားကစားမောင်မယ် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြကြောင်းနှင့် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံမှ အားကစား မောင်မယ် ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၈၀၀ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၃-၁၂-၂၀၂၃)

 

  • အားကစားသည် နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ ကျန်းမာကြံ့ခိုင်မှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယကြီးမားမှုနှင့် စည်းလုံးညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်တတ်မှု၊ စည်းကမ်းလိုက်နာတတ်မှုတို့ကို ထင်ဟပ်ပေါ်လွင်စေနိုင်သည့် စွမ်းရည်ပြပြိုင်ပွဲတစ်မျိုးဖြစ်။
  • အနာဂတ်နိုင်ငံတော်ကို ဦးဆောင်ဦးရွက်ပြုကြရမည့် ယနေ့လူငယ်များအနေဖြင့် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလဆိုသည့် ဗလငါးတန် နှင့် ပြည့်စုံစေရေးကို အစဉ်တစိုက် ကြိုးပမ်းမြှင့်တင်တည်ဆောက်နေကြရမည်ဖြစ်။
  • တက္ကသိုလ်ပေါင်းစုံ၊ ပညာရေးကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲများမှ နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင်အားကစားသမားများ ထပ်မံပေါ်ထွန်းလာလိမ့်မည်ဟု ယုံကြည်သည့်အတွက် တစိုက်မတ်မတ် ကြိုးစားသွားကြပါဟု တိုက်တွန်းလို။
  • အားကစားမောင်တို့မယ်တို့သည် ယှဉ်ပြိုင်ကစားရာတွင် အားကစားသမား တစ်ဦးနှင့်တစ်ဦး အပြန်အလှန်လေးစားခြင်း၊ ချစ်ခင်ညီညွတ်ခြင်း၊ ကူညီရိုင်းပင်းခြင်း၊ ရဲဘော်ရဲဘက်စိတ်ထားရှိခြင်းတို့နှင့် ယှဉ်ပြိုင်သွားကြစေလို။

Add new comment