တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်အချို့၌ အကြမ်းဖက်မှုကို လိုလားသော လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အကြမ်းဖက်သမားများက စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့ပြည်သူများသွားလာရာ လမ်းတံတားများ၊ နေထိုင်ရာရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်လုပ်စိန်ပြောင်း၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း စသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိပါသည်။ ထိုသို့လုပ်ဆောင်လျက်ရှိရာ-
- ဒီဇင်ဘာလ ၂၂ ရက်တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ယွန်းဒလင်းကုန်း ကျေးရွာဘောလုံးကွင်း၌ ကိုးနဝင်းဘုရားပွဲပြုလုပ်နေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ၂ ဦးသည် ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး ဘောလုံးကွင်းတောင်ဘက် မီတာ ၅၀ ခန့် အကွာမှ လက်ပစ်ဗုံး ၁ လုံးဖြင့် ပစ်ပေါက်ဖောက်ခွဲခဲ့သဖြင့် အပြစ်မဲ့ပြည်သူ ၁ ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့။
အထက်ပါဖြစ်စဉ်များမှ ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား ပြည်သူ့ဆေးရုံအသီးသီးသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိကြောင်းနှင့် အကြမ်းဖက်မှုလုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ထိရောက်စွာ အရေးယူနိုင်ရေးနှင့် နယ်မြေတည်ငြိမ် အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၃-၁၂-၂၀၂၃)
- မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ယွန်းဒလင်းကုန်းကျေးရွာ၌ ကိုးနဝင်းဘုရားပွဲ ပြုလုပ်နေစဉ် PDF အမည်ခံအကြမ်းဖက်သမားများက လက်ပစ်ဗုံး ၁ လုံးဖြင့် ပစ်ပေါက်ဖောက်ခွဲခဲ့သဖြင့် အပြစ်မဲ့ပြည်သူ ၁ ဦးသေဆုံးပြီး ၄ ဦး ထိခိုက် ဒဏ်ရာများရရှိခဲ့။
Add new comment