နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၂၂)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲသို့ ဂုဏ်ပြုမိန့်ခွန်းပေးပို့

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဒီဇင်ဘာလ ၂၁ ရက်တွင် ကျရောက်ခဲ့သည့် (၂၂)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲသို့ ဂုဏ်ပြုမိန့်ခွန်း ပေးပို့ခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ပေးပို့ခဲ့သည့် ဂုဏ်ပြုမိန့်ခွန်းကောက်နုတ်ချက်မှာ-

  • မြန်မာ့တိုင်းရင်းဆေးပညာသည် နှစ်ပေါင်းထောင်ချီ ရှည်လျားခဲ့သော သမိုင်းစဉ်တစ်လျှောက် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် အခြေခိုင်မာစွာ ဖြစ်ထွန်းတည်တံ့ခဲ့သည့် အမျိုးသားဆေးပညာဖြစ်ကြောင်း။
  • မြန်မာ့သမိုင်းအစဉ်အဆက် လက်ဆင့်ကမ်းအသုံးပြုခဲ့ကြသည့် မြန်မာ့ရိုးရာ တိုင်းရင်းဆေးပညာအဆင့်အတန်းပိုမိုမြင့်မားစေရန်နှင့်  ခေတ်မီဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ နည်းပညာများ သင်ယူလေ့လာခြင်း၊ မျှဝေခြင်းစသည်ဖြင့် ဘက်ပေါင်းစုံမှ ဝိုင်းဝန်းကြိုးပမ်း၍ ကမ္ဘာ့အလယ်မှာ မြန်မာ့တိုင်းရင်းဆေးပညာဟု ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း။
  • တိုင်းရင်းဆေးပညာဦးစီးဌာနအနေဖြင့် အစွမ်းထက်မြက်လှသော မြန်မာ့တိုင်းရင်းဆေးပညာ ကုထုံးများ၊ ဆေးနည်းများ၊ ဆေးပင်များကို အတွေ့အကြုံ အခြေပြုဆေးပညာမှသည် အထောက်အထားအခြေပြု ဆေးပညာအဖြစ်သို့ ရောက်ရှိအောင် သုတေသနများတိုးမြှင့်လုပ်ဆောင်ရန် တိုက်တွန်းမှာကြားလိုကြောင်း။
  • ကမ္ဘာ့နိုင်ငံအနှံ့အပြားတွင် ကိုဗစ်-၁၉ ကပ်ရောဂါကျရောက်နေချိန်၌ ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနက မြန်မာ့တိုင်းရင်းဆေးကျမ်းလာဝိသမအဖျားပျောက်ဆေးကို စနစ်တကျ သုတေသနဆောင်ရွက်၍ ကိုဗစ်-၁၉ ရောဂါလက္ခဏာများကို သက်သာပျောက်ကင်းအောင် ကုသပေးနိုင်တဲ့ ကိုဗစ်-၁၉ ရောဂါကုသဆေးတစ်လက်ဖော်ထုတ်နိုင်ခဲ့ကြောင်း။
  • နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာ့တိုင်းရင်းဆေးဝါးများ ထုတ်လုပ်ရေးနှင့်ပတ်သက်၍ ဒေသထွက်ကုန်ကြမ်းများကို အခြေခံသည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME)များကို ရေရှည်အာမခံချက်ရှိအောင် အားပေးကူညီ ပံ့ပိုးပေးလျက်ရှိကြောင်း။

ဝိသမအဖျားပျောက်ဆေးကဲ့သို့ မြန်မာ့တိုင်းရင်းဆေးဝါးများကို စနစ်တကျသုတေသနပြုလုပ်၍ အများပြည်သူ ယုံကြည်အားထားလာအောင် ဆောင်ရွက်ကြရန်နှင့် ဘေးဥပဒ်ကင်းပြီး အရည်အသွေးအာမခံချက်ရှိသည့် မြန်မာ့တိုင်းရင်းဆေးဝါးများကို မြန်မာနိုင်ငံအတွင်းသာမက နိုင်ငံတကာသို့ တင်ပို့နိုင်အောင် မျှော်မှန်းဆောင်ရွက်ကြရန်ကိုလည်း အားပေးတိုက်တွန်းလိုကြောင်း ပြောကြားခဲ့ပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၂-၁၂-၂၀၂၃)

 

  • မြန်မာ့တိုင်းရင်းဆေးပညာသည် နှစ်ပေါင်းထောင်ချီရှည်လျားခဲ့သော သမိုင်းစဉ်တစ်လျှောက် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် အခြေခိုင်မာစွာ ဖြစ်ထွန်းတည်တံ့ခဲ့သည့် အမျိုးသားဆေးပညာဖြစ်။
  • တိုင်းရင်းဆေးပညာဦးစီးဌာနအနေဖြင့် အစွမ်းထက်မြက်လှသော မြန်မာ့တိုင်းရင်းဆေးပညာကုထုံးများ၊ ဆေးနည်းများ၊ ဆေးပင်များကို အတွေ့အကြုံ အခြေပြုဆေးပညာမှသည် အထောက်အထားအခြေပြု ဆေးပညာအဖြစ်သို့ ရောက်ရှိအောင် သုတေသနများတိုးမြှင့်လုပ်ဆောင်ရန် တိုက်တွန်းမှာကြားလို။
  • တိုင်းရင်းဆေးပညာဦးစီးဌာနက မြန်မာ့တိုင်းရင်းဆေးကျမ်းလာဝိသမအဖျားပျောက်ဆေးကို စနစ်တကျ သုတေသနဆောင်ရွက်၍ ကိုဗစ်-၁၉ ရောဂါလက္ခဏာများကို သက်သာပျောက်ကင်းအောင် ကုသပေးနိုင်တဲ့ ကိုဗစ်-၁၉ ရောဂါကုသဆေးတစ် လက်ဖော်ထုတ်နိုင်ခဲ့။
  • နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာ့တိုင်းရင်းဆေးဝါးများ ထုတ်လုပ်ရေးနှင့်ပတ်သက်၍ ဒေသထွက်ကုန်ကြမ်းများကို အခြေခံသည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME)များကို ရေရှည်အာမခံချက်ရှိအောင် အားပေးကူညီ ပံ့ပိုးပေးလျက်ရှိ။

Add new comment