ပြည်တွင်း၌ စက်သုံးဆီအလုံအလောက် ဖြန့်ဖြူးပေးလျက်ရှိပြီး တရားမဝင်စက်သုံးဆီ သိုလှောင်ဖြန့်ဖြူးရောင်းချမှုများအား စိစစ်အရေးယူဆောင်ရွက်လျက်ရှိ

မြန်မာနိုင်ငံအတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီများ ပြတ် လပ်မှုမရှိစေရန်အတွက် စက်သုံးဆီများကို အဆက်မပြတ် ပို့ဆောင်ဖြန့်ဖြူးပေးလျက် ရှိသည့်အပြင် အကြိမ်ကြိမ်တန်းစီဝယ်ယူကာ တစ်ဆင့်ပြန်လည်ရောင်းချမှုများ၊ တရား မဝင်သိုလှောင်ရောင်းချခြင်းများနှင့် ဆီတင်ယာဉ်ဖြင့် တရားမဝင်သယ်ယူပို့ဆောင်ခြင်း များအား တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ဝင်များ ပါဝင်သော ဌာန ဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးဖော်ထုတ်ဖမ်းဆီးလျက်ရှိပါသည်။

  • မန္တလေးတိုင်းဒေသကြီး၌ အောက်တိုဘာလ ၅ ရက်တွင် တရားမဝင်ချက်ဆီ ၄၅  ဂါလန်ဆံ့ ပီပါ ၈၄ လုံး ၃,၇၈၀ ဂါလန်ခန့်ကိုလည်းကောင်း၊ ဒီဇင်ဘာလ ၁၂ ရက်မှ ၁၄ ရက်အထိ ဆီတင်ယာဉ် Bowser လေးစီးအား စက်သုံးဆီ ၃၆,၈၇၇ ဂါလန်၊ ဆီသယ် ယာဉ်တစ်စီးအား တရားမဝင်ချက်ဆီ ၆,၀၀၀ ဂါလန်၊ မြေအောက်သိုလှောင်ကန်ဖြင့် သိုလှောင်ထားသည့် စက်သုံးဆီ ၃,၃၈၆ ဂါလန် တို့အားလည်းကောင်း၊
  • စစ်ကိုင်းတိုင်းဒေသကြီး၌ အောက်တိုဘာလ ၈ ရက်နှင့် ၂၄ ရက်တွင် တရားမဝင် ချက်ဆီ ၆,၀၅၅ ဂါလန်ခန့်အားလည်းကောင်း၊ နိုဝင်ဘာလ ၁ ရက်နှင့် ၃၀ ရက်တို့တွင် တရားမဝင်ချက်ဆီ ပီပါ ၃၄ လုံး ၁,၁၉၀ ဂါလန်ခန့်အားလည်းကောင်း ဖမ်းဆီးရမိခဲ့။
  • ရန်ကုန်တိုင်းဒေသကြီး၌ ဒီဇင်ဘာလ ၁၄ ရက်မှ ၁၈ ရက်အထိ စက်သုံးဆီအရောင်း ဆိုင်တွင် နှစ်ကြိမ်တန်းစီဝယ်ယူသည့် မော်တော်ယာဉ် ၂ စီးအား ပလတ်စတစ်ပီပါ ၁၈ လုံးဖြင့်လည်းကောင်း၊ တရားမဝင် သိုလှောင်ထားရှိသည့် စက်သုံးဆီ၊ ပါဝါဆီ၊ ချောဆီသံပီပါ ၉ လုံးနှင့် ဆက်စပ်ပစ္စည်းများအားလည်းကောင်း၊ ဂါလန် ၈၀၀ ဆံ့ သိုလှောင်ကန် ၁၄ ကန်နှင့် ဒီဇယ်ဆီဂါလန် ၇၂၀ ၊ ဂါလန် ၈၀၀ ဆံ့ အဖြူရောင် Bowser အခွံနှစ်စီး၊ ဂါလန် ၈၀၀ ဆံ့ ဆီ Bowser ပုံစံဆီတိုင်ကီ အခွံနှစ်လုံး၊ ဆီ Bowser ပုံစံ(ဆလင်ဒါသံကန်)ဆီသိုလှောင်ကန် ၁၁ ကန်နှင့် ဒီဇယ်ဆီ ၆,၈၅၇ ဂါလန်၊ 92 Ron၂,၇၅၀ ဂါလန်ပါသည့် ပီပါ   ၅၅  လုံးနှင့်  ပီပါအခွံ ၁၆ လုံး၊ ဒီဇယ်ဆီ ၁,၃၇၀ ဂါလန်ပါရှိသည့် Hyu-ndai   အမျိုးအစား အဖြူရောင်ဆီသယ်ယာဉ် Bowser  တစ်စီးနှင့် Isuzu အမျိုးအစား အဖြူရောင်ဆီသယ်ယာဉ် Bowser တစ်စီးတို့အား တို့အား ပိုင်ရှင်နှင့်အတူ ဖမ်းဆီးရမိခဲ့။
  • ဧရာဝတီတိုင်းဒေသကြီးတွင် ဒီဇင်ဘာလ ၁၀ ရက်မှ ၁၅ ရက်အထိ တရားမဝင် စက်သုံးဆီရောင်းချမှု ၁၇ မှု ဖမ်းဆီးရရှိမိပြီး စက်သုံးဆီ ၇၁၉ ဂါလန်ခန့်နှင့် ဖြန့်ဖြူးရောင်းချရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား လည်းကောင်း၊
  • ပြည်ထောင်စုနယ်မြေ နေပြည်တော်ကောင်စီတွင် ဒီဇင်ဘာလ ၁၀ ရက်မှ ၁၄ ရက် အထိ တရားမဝင်စက်သုံးဆီရောင်းချမှု ရှစ်မှုဖမ်းဆီးရရှိမိပြီး စက်သုံးဆီ ၁၀၀ ဂါလန်ခန့်နှင့် ဖြန့်ဖြူးရောင်းချရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား လည်းကောင်း ဖမ်းဆီးရရှိမိခဲ့။
  • စုစုပေါင်းတရားမဝင် စက်သုံးဆီ ၆၉,၉၀၉ ဂါလန်ခန့် ခန့်မှန်းတန်ဖိုးငွေကျပ် ၇၃၅ သန်းကျော်၊ ဆီတင်ယာဉ် Bowser ၁၁ စီးနှင့် တရားမဝင်လိုင်စင်မဲ့ စက်သုံးဆီသို လှောင်ကန်များအပါအဝင် ဖြန့်ဖြူးရောင်းချရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်း များအား ဖမ်းဆီးရရှိခဲ့ပြီး သက်ဆိုင်ရာဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိ။

ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ်အချို့ရှိ စက် သုံးဆီအရောင်းဆိုင် ၁၆ ဆိုင်သည် စက်သုံးဆီရှိလျက်  ရောင်းချမပေးခြင်း၊ ခွင့်ပြုချက် မရဘဲ ဆီသယ်ယာဉ် Bowser  ဖြင့် အခြားနေရာများသို့ သယ်ယူပို့ဆောင်ခြင်း၊ သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်းများ ဆောင်ရွက်ခဲ့ကြောင်း စိစစ်တွေ့ ရှိရသဖြင့် ဥပဒေနှင့်အညီ သတ်မှတ်ဒဏ်ကြေးတပ်ရိုက်ခြင်း၊ လိုင်စင်ကို ကာလအကန့် အသတ်ဖြင့်ရပ်ဆိုင်းပြီး စက်သုံးဆီအရောင်းဆိုင်ကို ယာယီပိတ်သိမ်းခြင်းများ အရေးယူ ဆောင်ရွက်ခဲ့ကြောင်း  သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၁-၁၂-၂၀၂၃)

 

  • မြန်မာနိုင်ငံအတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီများ ပြတ်လပ်မှု မရှိစေရန်အတွက် စက်သုံးဆီများကို အဆက်မပြတ် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိ။
  • နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး ၅ ခုတို့တွင် စုစုပေါင်းတရားမဝင် စက်သုံးဆီ ၆၉,၉၀၉ ဂါလန်ခန့် ခန့်မှန်းတန်ဖိုးငွေကျပ် ၇၃၅ သန်းကျော်၊ ဆီတင် ယာဉ် Bowser ၁၁ စီးနှင့် တရားမဝင်လိုင်စင်မဲ့စက်သုံးဆီသိုလှောင်ကန်များ အပါ အဝင် ဖြန့်ဖြူးရောင်းချရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား ဖမ်းဆီး ရရှိခဲ့။

Add new comment