မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ(Myanmar Press Council)နှင့် ထိုင်းနိုင်ငံသတင်း မီဒီယာကောင်စီ(National Press Council of Thailand)တို့ ဇန်နဝါရီလ ၂၀ ရက်တွင် video conferencing စနစ်ဖြင့် နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာ-
- သတင်းမီဒီယာကဏ္ဍ ဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုအရှိန်မြှင့် ပူးပေါင်းဆောင်ရွက်ရေး။
- ကျင့်ဝတ်နှင့်ညီသော သတင်းမီဒီယာသမားများကို အကာအကွယ်ပေးရေးနှင့် နှစ်နိုင်ငံ သတင်းမီဒီယာသမားများအချင်းချင်း သတင်းဖလှယ်မှုများ ပိုမိုအားကောင်းလာစေရေး။
- ထိုင်းနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံများရှိ မီဒီယာကောင်စီများနှင့်ပူးပေါင်း၍ သတင်းလွတ်လပ်ခွင့် ပိုမိုအားကောင်းလာစေရေးကို ဦးစားပေးဆောင်ရွက်သွားမည့် အကြောင်းများ။
- မြန်မာနိုင်ငံအတွင်းရှိ သတင်းသမားများအတွက် အရည်အသွေးမြှင့်တင်ရေး သင်တန်း များ ဖွင့်လှစ်ပေးနေခြင်း၊ သတင်းတု သတင်းမှားများ ပပျောက်စေရေးအတွက် မြန်မာ နိုင်ငံသတင်းမီဒီယာကောင်စီက ကြိုးစားဆောင်ရွက်နေသည့် အခြေအနေများကို ဆွေးနွေးခဲ့။
ထိုင်းနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ Mr. Chavarong Limpattamapanee က အရှေ့တောင်အာရှ သတင်းမီဒီယာကောင်စီအလှည့်ကျဥက္ကဋ္ဌ အဖြစ်တာဝန်ယူဆောင်ရွက်ရမည့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌအား ဂုဏ်ပြုကြိုဆိုကြောင်းနှင့် ထိုင်းနိုင်ငံမီဒီယာကောင်စီဘက်ကလည်း လိုအပ်သည့်ကိစ္စများကို ကူညီပေးသွား မည်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် သတင်းမီဒီယာကဏ္ဍများတွင် ပိုမိုပူးပေါင်းဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့ပါသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ထိုင်းနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ Mr Chavarong Limpattamapanee အပါအဝင် ကောင်စီဝင် ၉ ဦး တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ ဥက္ကဋ္ဌ ဦးအုန်းမောင်နှင့်အတူ ကောင်စီဝင်များ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
- ဆွေးနွေးပွဲတွင် သတင်းမီဒီယာကဏ္ဍ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ကျင့်ဝတ်နှင့်ညီသော သတင်းမီဒီယာသမားများကို အကာအကွယ်ပေးရေးအပါအဝင် သတင်းမီဒီယာသမား များအချင်းချင်း သတင်းဖလှယ်မှုများနှင့် သတင်းလွတ်လပ်ခွင့် ပိုမိုအားကောင်းလာစေရေး တို့ကိုဆွေးနွေးခဲ့။
- ထိုင်းနိုင်ငံသတင်းမီဒီယာကောင်စီအနေဖြင့် အရှေ့တောင်အာရှ သတင်းမီဒီယာကောင်စီ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ရမည့် မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီဥက္ကဋ္ဌအား လိုအပ်သည့်ကိစ္စများကို ကူညီပေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် သတင်းမီဒီယာကဏ္ဍများတွင် ပိုမိုပူးပေါင်းဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့။
Add new comment