Mandalay International Trade Fair & Investment Forum 2023 ဖွင့်ပွဲအခမ်းအနားကျင်းပ

       ပြည်တွင်းပြည်ပလုပ်ငန်းရှင်များ၊ ကုမ္ပဏီများအချင်းချင်း ချိတ်ဆက်ပေးနိုင်ခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှုဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် မန္တလေးတိုင်းဒေသကြီး၏ စီးပွားရေးအလားအလာများ သိသာပေါ်လွင်ပြီး အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးစသည့် ရည်ရွယ်ချက်ကောင်းများဖြင့်ကျင်းပသည့် Mandalay  International  Trade Fair & Investment Forum 2023 ဖွင့်ပွဲအခမ်းအနား ကို ဒီဇင်ဘာလ ၂၀ ရက်တွင် Mandalay Convention Center ၌ ကျင်းပခဲ့ပါသည်။

အဆိုပါ Forum တွင် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့က-

  • အသေးစား၊  အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအနေဖြင့် ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများ၏ ထုတ်လုပ်မှုကွင်းဆက်များတွင် ပါဝင်နိုင်ခြင်းဖြင့် ပြည်တွင်းထုတ်လုပ်မှု မြှင့်တင်နိုင်ရန် အလားအလာကောင်းများရှိကြောင်း၊
  • ယခုကဲ့သို့ နိုင်ငံတကာကုန်စည်ပြပွဲများကို အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းကျင်းပခြင်းကြောင့် ပြည်တွင်းပြည်ပလုပ်ငန်းရှင်များ အချင်းချင်းတွေ့ဆုံနိုင်ခြင်းဖြင့် ပြည်တွင်းကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးလာခြင်းမှတစ်ဆင့် ပို့ကုန်ကဏ္ဍတိုးတက်ရေးကို အထောက် အကူပြုမည်ဖြစ်ကြောင်း၊
  • ပြည်တွင်း၌ကျင်းပသည့် နိုင်ငံတကာကုန်စည်ပြပွဲများမှတစ်ဆင့် နိုင်ငံတကာတွင် ကျင်းပသည့် ကုန်စည်ပြပွဲများသို့ ပြည်တွင်းကုန်ထုတ်လုပ်သူများနှင့် လုပ်ငန်းရှင်များ ပါဝင်နိုင်ရေးကိုလည်း အလေးထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်းပြောကြားခဲ့။
  • မန္တလေးတိုင်းဒေသကြီးအတွင်း စီးပွားရေးဆိုင်ရာရင်းနှီးမြှုပ်နှံမှုအတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းများကို ဆက်လက်ဆောင်ရွက်ခဲ့။

အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒေါက်တာကံဇော်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသ ကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအခြေစိုက်သံရုံးများမှ သံအမတ်ကြီးများနှင့် သံတမန်များ၊ UMFCCI  ဥက္ကဋ္ဌ၊ MRCCI ဥက္ကဋ္ဌ၊  ယူနန်ပြည်နယ် တက်ဟုန်း-ယူနန်ကုန်သည်ကြီးများအသင်းတို့မှ ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဌာနများနှင့် အသင်းအဖွဲ့များမှ ဖိတ်ကြားထားသူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဧည့်ပရိသတ်များ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၁-၁၂-၂၀၂၃)

 

  • အသေးစား၊  အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအနေဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ ထုတ်လုပ်မှုကွင်းဆက်များတွင် ပါဝင်နိုင်ခြင်းဖြင့် ပြည်တွင်းထုတ်လုပ်မှု မြှင့်တင်နိုင်ရန် အလားအလာကောင်းများရှိ။
  • ပြည်တွင်း၌ကျင်းပသည့် နိုင်ငံတကာကုန်စည်ပြပွဲများမှတစ်ဆင့် နိုင်ငံတကာတွင် ကျင်းပသည့် ကုန်စည်ပြပွဲများသို့ ပြည်တွင်းကုန်ထုတ်လုပ်သူများနှင့် လုပ်ငန်းရှင်များ ပါဝင်နိုင်ရေးကိုလည်း အလေးထားဆောင်ရွက်ကြရမည်ဖြစ်။

Add new comment