ကချင်ပြည်နယ်ဝန်ကြီးချုပ် နန်ဆန်ယန်ဒေသမှ တိမ်းရှောင်လာသောဒေသခံ ပြည်သူများအား သွားရောက်ထောက်ပံ့

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဇူလိုင် ၄ ရက်တွင် တာဝန်ရှိသူများလိုက်ပါ၍ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ နန်ဆန်ယန်မြို့ရှိ RC ဘုရားကျောင်းသို့ ခေတ္တတိမ်းရှောင်လာသည့် အိမ်ထောင်စု ၆၉ စု၊ လူဦးရေ ၂၅၈ ဦးနှင့် မိုင်း နား AG ဘုရားကျောင်းသို့ ခေတ္တတိမ်းရှောင်လာသည့် အိမ်ထောင်စု ၁၃ စု၊ လူဦးရေ ၅၃ ဦး၊ စုစုပေါင်းအိမ်ထောင်စု ၈၂ စု၊ လူဦးရေ ၃၁၁ ဦးတို့အား RC ဘုရားကျောင်း၌ သွားရောက်တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်က တိမ်း‌ရှောင်မိသားစုများအတွက် တစ်အိမ်ထောင်လျှင် ဆန်အိတ် ၁ အိတ်နှုန်းဖြင့် စုစုပေါင်း ဆန်အိတ် ၈၂ အိတ်၊ ခေါက်ဆွဲ ခြောက်ဖာ ၈၂ ဖာနှင့် ကြက်ဥ ၈၂၀ လုံးကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူးတို့က အိမ်ထောင်စုများအတွက် ဆေးစိမ်ခြင်ထောင်များကိုလည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ရာ တိမ်းရှောင်ပြည်သူတစ်ဦးက ကျေးဇူးတင်စကားနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အားပေး စကားပြောကြားကာ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၆-၇-၂၀၂၂)

 

  • ကချင်ပြည်နယ်ဝန်ကြီးချုပ်သည် ဝိုင်းမော်မြို့နယ်၊ နန်ဆန်ယန်မြို့ရှိ RC ဘုရားကျောင်းနှင့် မိုင်းနား AG ဘုရားကျောင်းသို့ ခေတ္တတိမ်းရှောင်လာသည့် အိမ်ထောင်စု စုစုပေါင်း ၈၂ စု၊ လူဦးရေ ၃၁၀ ဦးတို့အား သွားရောက်တွေ့ဆုံ၍ တစ်အိမ်ထောင်လျှင် ဆန် အိတ် ၁ အိတ်နှုန်းဖြင့် စုစုပေါင်းဆန်အိတ် ၈၂ အိတ်၊ ခေါက်ဆွဲခြောက်ဖာ ၈၂ ဖာ နှင့် ကြက်ဥ ၈၂၀ လုံးကို ထောက်ပံ့ပေးအပ်ခဲ့။

 

 

 

Add new comment