အထူးကုဆေးရုံကြီး (ခုတင်-၅၀၀) ရန်ကုန်၌ (၃၅) ကြိမ်မြောက် အသည်းအစားထိုးခွဲစိတ်ကုသမှု အောင်မြင်စွာဆောင်ရွက်

        အထူးကုဆေးရုံကြီး (ခုတင်-၅၀၀) ရန်ကုန်၌ ဒီဇင်ဘာလ ၁၈ ရက်တွင် (၃၅) ကြိမ်မြောက် အသည်းအစားထိုးခွဲစိတ်ကုသမှုဆောင်ရွက်ခဲ့ရာ အသည်းအစားထိုးခွဲစိတ်ကုသသည့် လူနာသည် အသက် ၂၉ နှစ်အရွယ် အမျိုးသားဖြစ်ပြီး အသည်းအလှူရှင်မှာ ၎င်း၏ညီမ ဝမ်းကွဲ တော်စပ်သူ အသက် ၂၂ နှစ်အရွယ် အမျိုးသမီးဖြစ်ကာ ခွဲစိတ်ကုသမှုအား အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါသည်။

အသည်းအစားထိုးခွဲစိတ်ကုသမှုများကို ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီး၌  ၂ တွဲ၊ အထူးကုဆေးရုံကြီး  (ခုတင်-၅၀၀) ရန်ကုန်၌ ၃၄ တွဲ၊   မန္တလေးပြည်သူ့ဆေးရုံကြီး၌ ၁၄ တွဲ၊ ကလေးဆေးရုံကြီး-ရန်ကုန်၌ ၃ တွဲ စုစုပေါင်း ၅၁ တွဲအား အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ ကြောင်းနှင့် ယခုကဲ့သို့ ပြည်တွင်း၌ အသည်းအစားထိုး ခွဲစိတ်ကုသမှုများ ဆောင်ရွက်နိုင်ခြင်းဖြင့် ပြည်သူများအတွက် လိုအပ်သောကုသမှုကို လက်လှမ်းမီရရှိစေကာ ပြည်ပသို့ သွားရောက်ကုသရမည့် ကုန်ကျစရိတ်များ သက်သာစေနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၀-၁၀-၂၀၂၃)

 

  • အထူးကုဆေးရုံကြီး (ခုတင်-၅၀၀) ရန်ကုန်၌ (၃၅) ကြိမ်မြောက် အသည်းအစားထိုးခွဲစိတ်ကုသမှုအား အောင်မြင်စွာဆောင်ရွက်ခဲ့၊ စုစုပေါင်း ၅၁ တွဲအား အောင်မြင်စွာ ခွဲစိတ်ကုသပေးခဲ့ပြီးဖြစ်။

Add new comment