၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ပပို့ကုန်များ တိုးမြှင့်ဆောင်ရွက်လျက်ရှိ

         နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ တာဝန်ယူစဉ်ကာလအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းများနှင့် ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် ပြည်ပပို့ကုန်များ တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ-

ဒီဇင်ဘာလ ၂ ရက်မှ ၈ ရက်နေ့အထိ ရက်သတ္တပတ်တွင်-

  • လယ်ယာထွက်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅၄.၂၄၈ သန်း၊
  • တိရစ္ဆာန်ထွက်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၀.၁၇၇ သန်း၊
  • ရေထွက်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၈.၀၄၉ သန်း၊
  • သတ္တုတွင်းထွက်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄.၃၇၉ သန်း၊
  • သစ်တောထွက်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁.၀၀၂ သန်း၊
  • စက်မှုကုန်ချောပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၄၀.၈၉၃ သန်း၊
  • အခြားပစ္စည်းများတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂.၄၀၆ သန်း ရရှိခဲ့ရာ စုစုပေါင်း ပို့ကုန်တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၂၁.၁၅၄ သန်းရှိ။

ပို့ကုန်အများဆုံးတင်ပို့သည့် နိုင်ငံများမှာ ထိုင်း၊ တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ အမေရိကန်၊ ဂျာမနီ၊ စပိန်၊ ပိုလန်၊ တောင်ကိုရီးယားနှင့် ဗြိတိန်နိုင်ငံတို့ ဖြစ်ပါသည်။

ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ နိုဝင်ဘာလကုန်အထိ ရှစ်လတာကာလအတွင်း-

  • ပျားရည်တင်ပို့မှုအနေဖြင့် မက်ထရစ်တန် ၁,၄၄၁ ဒသမ ၁၂ တန် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၆၂ သန်း ရရှိခဲ့။
  • ပုစွန်တင်ပို့မှုအနေဖြင့် ပုံမှန်ကုန်သွယ်မှုမှ မက်ထရစ်တန် ၆,၉၀၁ ဒသမ ၅၇၁ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၂၅ ဒသမ ၆၉ သန်းရရှိကာ နယ်စပ်ကုန်သွယ်မှုမှ မက်ထရစ်တန် ၆၅၇ ဒသမ ၂၈၃ တန်တင်ပို့ပြီး အမေရိကန် ဒေါ်လာ ၃ ဒသမ ၄၁၇ သန်းရရှိသည့် အတွက် စုစုပေါင်း မက်ထရစ်တန် ၇,၅၅၈ ဒသမ ၈၅၄ တန် တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၂၉ ဒသမ ၁၀၇ သန်း ရရှိထား။

ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ ယခုနှစ် ၁၁ လတာကာလအတွင်း နိုင်ငံတကာကုန်တင်သင်္ဘောအစင်းရေ ၅၈၀ ဝင်ရောက်ဆိုက်ကပ်ကုန်သွယ်ခဲ့ပါသည်။

ကုန်သွယ်မှုကဏ္ဍတွင် လက်ရှိကုန်သွယ်မှုဆောင်ရွက်နေသော နိုင်ငံများနှင့် ကုန်သွယ်မှု တိုးတက်မြင့်မားစေရေး၊ အမယ်သစ်ပို့ကုန်များ တိုးတက်တင်ပို့နိုင်ရေးနှင့် ကုန်သွယ်မှုနိုင်ငံသစ်များကို ရှာဖွေရင်း ကမ္ဘာ့ဈေးကွက်သို့ မြန်မာ့ထွက်ကုန်များ ကျယ်ကျယ်ပြန့်ပြန့် ပိုမိုတင်ပို့ နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များအားလုံး အစိုးရ-ပုဂ္ဂလိက တွဲလက်ညီညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် သက်ဆိုင်ရာက တိုက်တွန်းထားကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၀-၁၂-၂၀၂၃)

 

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဒီဇင်ဘာလ ၂ ရက်မှ ၈ ရက်နေ့အထိ ရက်သတ္တပတ်တွင်-

  • လယ်ယာထွက်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅၄.၂၄၈ သန်း၊
  • တိရစ္ဆာန်ထွက်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၀.၁၇၇ သန်း၊
  • ရေထွက်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၈.၀၄၉ သန်း၊
  • သတ္တုတွင်းထွက်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄.၃၇၉ သန်း၊
  • သစ်တောထွက်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁.၀၀၂ သန်း၊
  • စက်မှုကုန်ချောပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၄၀.၈၉၃ သန်း၊
  • အခြားပစ္စည်းများတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂.၄၀၆ သန်းရရှိခဲ့ရာ စုစုပေါင်း ပို့ကုန်တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၂၁.၁၅၄ သန်းရှိ။
  • ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ နိုဝင်ဘာလကုန်အထိ ရှစ်လတာကာလအတွင်း ပျားရည်တင်ပို့မှုအနေဖြင့် မက်ထရစ်တန် ၁,၄၄၁ ဒသမ ၁၂ တန် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၆၂ သန်း ရရှိခဲ့။
  • ပုစွန်တင်ပို့မှုအနေဖြင့် မက်ထရစ်တန် ၇,၅၅၈ ဒသမ ၈၅၄ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၂၉ ဒသမ ၁၀၇ သန်း ရရှိထား။

 

Add new comment