ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသသို့ ပြည်ပနိုင်ငံ ၅၃ နိုင်ငံမှ ခရီးသွား ၃,၉၀၀ ကျော်လာရောက်လည်ပတ်

      မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံကမ္ဘာ့အမွေအနှစ်ဒေသတွင် မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးခရီးသွားများနှင့် ပြည်ပနိုင်ငံများမှ လေ့လာရေးဘုရားဖူးများက ရုံးပိတ်ရက်များနှင့် သီတင်းကျွတ်ကျောင်းပိတ်ရက်များ၌ လာရောက်လည်ပတ်ကြရာ ခရီးသွား များဖြင့် စည်ကားလျက်ရှိပါသည်။

ကမ္ဘာ့နိုင်ငံအသီးသီးမှ လာရောက်လည်ပတ်သူများအနေဖြင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ဂူဘုရားအမျိုးအမျိုးတည်ဆောက်ပုံ ဗိသုကာပညာရပ်များ၊ အလွန်ကြီးမားသည့် ရှေးအဆောက်အအုံများကို သဲကျောက်တုံးများဖြင့် ထိန်းပေးထားပုံများ၊ ပုဂံခေတ်အနု သုခုမလက်ရာများကို လေ့လာလို၍ လာရောက်ကြခြင်းဖြစ်ပါသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ပြည်ပခရီးသွားများအနေဖြင့် ထိုင်း၊ အမေ ရိကန်၊ ရုရှား၊ တရုတ်၊ ဂျပန်၊ စပိန်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နိုင်ငံတို့မှ အများဆုံးလာရောက်ကြောင်းနှင့် ၂၀၂၂ ခုနှစ်၊ ဧပြီလမှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအထိ ပြည်ပနိုင်ငံ ၅၃ နိုင်ငံမှ ခရီးသွား ဧည့်သည် ၃,၉၀၀ ကျော် လာရောက်လည်ပတ်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၀-၁၂-၂၀၂၃)

 

  • ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ပြည်ပခရီးသွားများအနေဖြင့် ထိုင်း၊ အမေရိကန်၊ ရုရှား၊ တရုတ်၊ ဂျပန်၊ စပိန်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နိုင်ငံတို့မှ အများဆုံးလာရောက်။
  • ၂၀၂၂ ခုနှစ်၊ ဧပြီလမှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအထိ ပြည်ပနိုင်ငံ ၅၃ နိုင်ငံမှ ခရီးသွားဧည့်သည် ,၉၀၀ ကျော် လာရောက်လည်ပတ်ခဲ့။

Add new comment