အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် လိုက်ပါမလုပ်ဆောင်ရန် တားမြစ်ထားသော်လည်း နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော် ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့ပြီး အကြမ်းဖက်လုပ်ရပ်များကို အားပေးလုပ်ဆောင်ခဲ့သဖြင့် တရားဥပဒေနှင့်အညီ ဖမ်းဆီးအရေးယူခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိရာ-
- ဒီဇင်ဘာလ ၁၃ ရက်မှ ၁၉ ရက်ထိ နေပြည်တော်၌ ၂ ဦး၊ ရန်ကုန်တိုင်းဒေသကြီး၌ ၃ ဦး၊ မကွေးတိုင်းဒေသကြီး၌ ၅ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး၌ ၁ ဦး၊ ပဲခူးတိုင်းဒေသကြီး၌ ၁ ဦး၊ ဧရာဝတီတိုင်းဒေသကြီး၌ ၁ ဦးနှင့် ရှမ်းပြည်နယ်၌ ၂ ဦး၊ စုစုပေါင်း ၁၅ ဦးတို့ကို ဖမ်းဆီးရမိခဲ့၊၊
- ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်မှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်ထိ စုစုပေါင်း ၁,၈၈၅ ဦးအား ဥပဒေနှင့်အညီ အရေးယူထားပါသည်၊၊
ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်ကာ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၀-၁၂-၂၀၂၃)
- ဒီဇင်ဘာလ ၁၃ ရက်မှ ၁၉ ရက်ထိ နေပြည်တော်၌ ၂ ဦး၊ ရန်ကုန်တိုင်းဒေသကြီး၌ ၃ ဦး၊ မကွေးတိုင်းဒေသကြီး၌ ၅ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး၌ ၁ ဦး၊ ပဲခူးတိုင်းဒေသကြီး၌ ၁ ဦး၊ ဧရာဝတီတိုင်းဒေသကြီး၌ ၁ ဦးနှင့် ရှမ်းပြည်နယ်၌ ၂ ဦး၊ စုစုပေါင်း ၁၅ ဦးတို့ကို ဖမ်းဆီးရမိခဲ့၊၊
- ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်မှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်ထိ စုစုပေါင်း ၁,၈၈၅ ဦးအား ဥပဒေနှင့်အညီ အရေးယူထားရှိ။
Add new comment