တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်လုပ်ကြံသတင်းများ ရေးသားဖြန့်ဝေလျက်ရှိ

      တရားမဝင်ပြည်ဖျက်မီဒီယာများမှ နိုင်ငံတွင်း မတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှုများဖြစ်လာစေရန်အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီး ရေးသားလျက်ရှိသည့်အပြင် တပ်မတော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံတကာမျက်နှာစာ တွင် တပ်မတော်အား အထင်အမြင်လွဲမှားစေရန်အတွက် နည်းလမ်းမျိုးစုံအသုံးပြု၍ သွေးခွဲသပ်လျှိုလျက်ရှိပါသည်-

  • မော်လမြိုင်မြို့တွင် တပ်ဖွဲ့ဝင်များက မှတ်ပုံတင်မပြနိုင်သူများကို ဒဏ်ရိုက်နေဟူသည့်သတင်းသည် မဟုတ်မမှန်သည့် ကောလာဟလသတင်းများသာဖြစ်ပြီး ရုံးပိတ်ရက်များတွင် ဌာနဆိုင်ရာအဖွဲ့များမှ လမ်းဆုံလမ်းခွများ၌ ရှောင်တခင်စစ်ဆေးခြင်းများသာ လုပ်ဆောင်လျက်ရှိကြောင်းနှင့် ငွေကြေးတစ်စုံတစ်ရာ ကောက်ခံခြင်းမရှိကြောင်း သိရှိရ။
  • ဒီပဲယင်းမြို့နယ်ရှိ အောင်ချမ်းသာရွာကို တပ်မတော်က မီးရှို့ဖျက်ဆီးဟူသည့် သတင်းသည် သတင်းအမှားဖြစ်ပြီး အဆိုပါကျေးရွာနှင့် အနီးပတ်ဝန်းကျင်တွင် တပ်မတော်က နယ်မြေလုံခြုံရေးတာဝန်ထမ်းဆောင်ခြင်းမရှိကြောင်း သိရှိရ။
  • ဝိုင်းမော်မြို့နယ်တွင် Mi-35 ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအတုဖြစ်ပြီး မြေပြင်သတင်းအရ မည်သည့်ရဟတ်ယာဉ်မျှ ပျက်ကျခဲ့ခြင်းမရှိကြောင်း သိရှိရ။
  • ကျောက်ဖြူမြို့နယ်ရှိ ဒေသခံပြည်သူ ၂၀ ကျော်ကို တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ဟူသည့်သတင်းနှင့်ပတ်သက်၍ တပ်မတော်အနေဖြင့် အဆိုပါနေရာတွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေခြင်း မရှိကြောင်းနှင့် ၎င်းသတင်းမှာ မှန်ကန်မှုမရှိသည့် လုပ်ကြံသတင်းဖြစ်ကြောင်း သိရှိရ။
  • ပခုက္ကူမြို့အခြေစိုက် အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ်နှင့် အနောက်ဘုန်းကံရွာရှိ စခန်းတစ်ခုကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးခဲ့ဟူသည့်သတင်းနှင့်ပတ်သက်၍  လုံခြုံရေးတပ်ဖွဲ့ဝင်များ သေဆုံးခဲ့ သည်မှာ လုပ်ကြံသတင်းအမှားသာဖြစ်ကြောင်းနှင့် အကြမ်းဖက်သမားများက လက်လုပ်လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ကျေးရွာများအနီးသို့ ကျရောက်ပေါက်ကွဲမှုများရှိကြောင်း သိရှိရ။

တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် ဒေသခံပြည်သူများက တပ်မတော်အပေါ် အထင်အမြင်လွဲမှားစေရန်၊ ပြည်သူနှင့် တပ်မတော်ပူးပေါင်း၍ အကြမ်းဖက်မှုချေမှုန်းရေး စစ်ဆင်ရေးဆောင်ရွက်မှုကို ထိခိုက်စေရန်နှင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် အတွက် မဟုတ်မမှန်လုပ်ကြံ၍ သတင်းအတု၊ သတင်းအမှားများအား ဖန်တီးရေးသားဖြန့်ဝေခြင်းသာဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၀-၁၂-၂၀၂၃)

 

  • မော်လမြိုင်မြို့တွင် တပ်ဖွဲ့ဝင်များက မှတ်ပုံတင်မပြနိုင်သူများကို ဒဏ်ရိုက်နေဟူသည့်သတင်းသည် မဟုတ်မမှန်သည့် ကောလာဟလသတင်းများသာဖြစ်။
  • ဒီပဲယင်းမြို့နယ်ရှိ အောင်ချမ်းသာရွာကို တပ်မတော်က မီးရှို့ဖျက်ဆီးဟူသည့် သတင်းသည် သတင်းအမှားဖြစ်။
  • ဝိုင်းမော်မြို့နယ်တွင် Mi-35 ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအတုဖြစ်။
  • ကျောက်ဖြူမြို့နယ်ရှိ ဒေသခံပြည်သူ ၂၀ ကျော်ကို တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်။
  • ပခုက္ကူမြို့အခြေစိုက် အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ်နှင့် အနောက်ဘုန်းကံရွာရှိ စခန်းတစ်ခုကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးခဲ့ဟူသည့်သတင်းသည် သတင်းအမှားသာဖြစ်ပြီး ၎င်းတို့ပစ်ခတ်တိုက် ခိုက်မှုကြောင့် ကျေးရွာများအနီးသို့ ကျရောက်ပေါက်ကွဲမှုများရှိ။

Add new comment