တပ်မတော်(ရေ) အရာရှိငယ်(စီမံခန့်ခွဲရေး) သင်တန်းအမှတ်စဉ်(၈၁)နှင့် တပ်မတော်(ရေ) အရာရှိငယ် (အင်ဂျင်နီယာ) သင်တန်းအမှတ်စဉ်(၅၅) သင်တန်းဆင်းပွဲကျင်းပ

တပ်မတော် (ရေ) အရာရှိငယ် (စီမံခန့်ခွဲရေး) သင်တန်းအမှတ်စဉ် (၈၁) နှင့် တပ်မတော် (ရေ) အရာရှိငယ် (အင်ဂျင်နီယာ)သင်တန်း အမှတ်စဉ်(၅၅)သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ဇန်နဝါရီလ ၂၀ ရက်တွင် သန်လျင်တပ်နယ်ရှိရေတပ်လေ့ကျင့်ရေးဌာနချုပ်စစ်ရေးပြကွင်း၌ကျင်းပခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်မိုးအောင် တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါသည်-

  • တပ်မတော်(ရေ)ကို ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်ဟူ၍ ရည်ရွယ်တည်ဆောက်ခဲ့ပြီး ပထမအဆင့်အနေဖြင့် မြန်မာ့ပင်လယ်ပြင် သီးသန့်စီးပွားရေးဇုန်အထိ အပြည့်အဝအကာအကွယ်ပေးနိုင်ရန်အတွက် သုံးဖက်မြင်စစ်ဆင်နိုင်စွမ်းရှိသည့်  (Three Dimensional Combat Ready Navy) အဖြစ် မျှော်မှန်းပြီးတည်ဆောက်ခဲ့ရာ ရေငုပ်သင်္ဘောတပ်ဖွဲ့ ဖွဲ့စည်းနိုင်ရေး၊ စစ်ရေယာဉ်များ တည်ဆောက်ဖြည့်တင်း နိုင်ရေး၊ လူသားအရင်းအမြစ်များ ပိုမိုတိုးတက်ကောင်းမွန်စွာ ဖြည့်တင်းဆောင်ရွက်နိုင်ရေး စသည့်ရည်ရွယ်ချက်များနှင့် လိုက်လျောညီထွေဖြစ်စေရန် အဆင့်ပေါင်းများစွာ၊ ကဏ္ဍပေါင်းများစွာ စဉ်းစားပြီးပြင်ဆင်ဆောင်ရွက်ခဲ့ကြောင်း။

  • တပ်မတော်(ရေ)အနေဖြင့် မျှော်မှန်းချက်အမြင်နှင့် ရည်မှန်းချက်တာဝန်များအား ထိရောက်အောင်မြင်စွာဆောင်ရွက်နိုင်ရန် စစ်ရေးကဏ္ဍ၊ တရားဥပဒေစိုးမိုးရေးကဏ္ဍ၊ သံတမန်ရေးရာကဏ္ဍနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးကဏ္ဍဆိုသည့် ကဏ္ဍကြီး(၄)ရပ်တွင် စွမ်းရည်ပြည့်ဝစွာတာဝန်ထမ်းဆောင်နိုင်ရေးဦးတည် ဆောင်ရွက်လျက်ရှိကြောင်း။

  • ပင်လယ်ပြင်လုံခြုံရေးအတွက် တာဝန်ထမ်းဆောင်နိုင်ရန် နိုင်ငံတကာရေကြောင်း ဥပဒေများနှင့် ပြည်တွင်းရေကြောင်း ဥပဒေများကိုပါ သိရှိလိုက်နာရမည့်အပြင် စစ်ပွဲဆိုင်ရာဥပဒေ (Law of Armed Conflict) နှင့် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း (Rules of Engagement) များကိုလည်း/ သိရှိလိုက်နာ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

  • နိုင်ငံတော်လုံခြုံရေးနှင့် မြန်မာ့ပင်လယ်ပြင် သီးသန့်စီးပွားရေးဇုံအထိ အပြည့်အဝကာကွယ်နိုင်ရေးအတွက် သုံးဖက်မြင်စစ်ဆင်နိုင်စွမ်းရှိသည့် တိုက်ပွဲဝင်အသင့် ရေတပ် (Three Dimensional Combat Ready Navy) အဖြစ်တည်ဆောက်ရာတွင် ရဲဘော်ရဲဘက်စိတ်အပြည့်နှင့် တက်ညီလက်ညီဆောင်ရွက်သွားကြရန်လိုကြောင်း” ပြောကြား ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ အရာရှိအကြီးအကဲများ၊ တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ ရန်ကုန်တပ်နယ်နှင့် သန်လျင်တပ်နယ်တို့မှ တပ်မတော်အရာရှိကြီးများနှင့် ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြပါသည်။

  • တပ်မတော်(ရေ)ကို ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်ဟူ၍ ရည်ရွယ် တည်ဆောက်ခဲ့ပြီး ပထမအဆင့်အနေဖြင့် မြန်မာ့ပင်လယ်ပြင်သီးသန့် စီးပွားရေးဇုန် အထိ အပြည့်အဝအကာအကွယ်ပေးနိုင်ရန်အတွက် သုံးဖက်မြင်စစ်ဆင်နိုင်စွမ်းရှိ သည့် (Three Dimensional Combat Ready Navy) အဖြစ် မျှော်မှန်းပြီးတည်ဆောက်ခဲ့။
  • မျှော်မှန်းချက်အမြင်နှင့် ရည်မှန်းချက်တာဝန်များအား ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် စစ်ရေးကဏ္ဍ၊ တရားဥပဒေစိုးမိုးရေးကဏ္ဍ၊ သံတမန်ရေးရာ ကဏ္ဍနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးကဏ္ဍဆိုသည့် ကဏ္ဍကြီး(၄)ရပ်တွင် စွမ်းရည်ပြည့်ဝစွာ တာဝန်ထမ်းဆောင်နိုင်ရေး ဦးတည် ဆောင်ရွက်လျက်ရှိ။
  • ပင်လယ်ပြင်လုံခြုံရေးအတွက် တာဝန်ထမ်းဆောင်နိုင်ရန် နိုင်ငံတကာရေကြောင်း ဥပဒေများနှင့် ပြည်တွင်းရေကြောင်း ဥပဒေများကိုပါ သိရှိလိုက်နာရမည့်အပြင် စစ်ပွဲဆိုင်ရာဥပဒေ (Law of Armed Conflict) နှင့် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း (Rules of Engagement) များကိုလည်း/ သိရှိလိုက်နာ ဆောင်ရွက်သွားကြရမည်ဖြစ်။

Add new comment