ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခံခဲ့ရသည့်ဒေသများသို့ သက်ဆိုင်ရာဝန်ကြီးဌာနများရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တပ်မတော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များက လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက်ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။
- မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ခန့်အပ်တာဝန်ပေးထားသည့် တပ်မတော်မှအရာရှိကြီးများသည် ဇွန်လ ၂၈ ရက်မှ ဇူလိုင်လ ၄ ရက်အထိ ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူ၊ ဘူးသီးတောင်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ သံတွဲ၊ ရသေ့တောင်၊ မောင်တော၊ မင်းပြား၊ ကျောက်တော်မြို့များနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့တို့၌ နယ်လှည့်ဆေးကုသရေးအဖွဲ့များက ကျန်းမာရေးစောင့်ရှောက်ပေးနေမှု၊ ဒေသခံပြည်သူများအား မျိုးစပါးများ ထောက်ပံ့ပေးနေမှု၊ လေဘေးသင့်ပြည်သူ များအတွက် ထောက်ပံ့ပစ္စည်းများအား စားသုံးသူရေးရာ ဂိုဒေါင်အတွင်း စနစ်တကျထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး မုန်တိုင်းသင့်ဘုန်းတော်ကြီးကျောင်းများ၊ ဒေသခံပြည်သူများအတွက် ဆောက်လုပ်ရေးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ အလှူငွေ များ၊ တိုင်းရင်းဆေးလုပ်ငန်းရှင်များမှ ပေးပို့လှူဒါန်းသည့် တိုင်းရင်းဆေးမျိုးစုံတို့ကို ပေးအပ်လှူဒါန်းခဲ့။
- ဇွန်လ ၂၈ ရက်မှ ဇူလိုင်လ ၄ ရက်အထိ ရခိုင်ပြည်နယ်၊ စစ်တွေ၊ မြောက်ဦး၊ ကျောက်ဖြူ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့များသို့ ကြိုတင်စေလွှတ်ထားသော တပ်မတော်မှကူညီကယ်ဆယ်ရေးအဖွဲ့များသည် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်း၊ စုပေါင်းသန့်ရှင်းရေးပြုလုပ်ပေးခြင်း၊ ရောက်ရှိလာသော မျိုးစပါးများအား သယ်ယူပို့ဆောင်ပေးခြင်း၊ ဓာတ်အားလိုင်းများ ပြုပြင်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ဒေသခံပြည်သူများအား ဆီ၊ ရေသန့်နှင့် စားသောက်ကုန်ပစ္စည်းများ၊ မျိုးစပါးများ ထောက်ပံ့ပေးအပ်ခဲ့။
- ဇွန်လ ၃၀ ရက်တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူအိမ်ထောင်စု ၂၇၉ စုနှင့် ဘုန်းတော်ကြီးကျောင်း ၁၀ ကျောင်းတို့အတွက် စားသောက်ကုန်ပစ္စည်း များ ထောက်ပံ့ပေးအပ်ခဲ့။
- ဇွန်လ ၂၉ ရက်၊ ဇူလိုင်လ ၁ ရက်နှင့် ၃ ရက်တို့တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့် တာဝန်ရှိသူများသည် တပ်မတော်ဆေးကုသရေးအဖွဲ့များက ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး နေမှု၊ မုန်တိုင်းကြောင့်ပျက်စီးခဲ့သည့် စစ်တွေမြို့နယ်ရှိ ရွာသစ်ကေ-ဇော်မတက်-မင်းဂံကျေးရွာချင်းဆက်ကွန်ကရစ်လမ်းအား ပြန်လည်ပြုပြင်နေမှု တို့ကိုကြည့်ရှုခဲ့ပြီး စစ်တွေမြို့နယ်၊ ဂန့်ကော်ကျွန်းကျေးရွာရှိ မိုခါ (MOCHA) မုန်တိုင်းသင့်ဒေသခံပြည်သူများ၏ နေအိမ်များအတွက် ခေါင်အုပ်သွပ်၊ သွပ်မိုးသံများ၊ ဒံပေါက်ထမင်းဘူးများနှင့် အိမ်အမိုးသွပ်များ ထောက်ပံ့လှူဒါန်းခဲ့။
ထိုသို့ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများ၊ ပရဟိတအဖွဲ့များက ပြန်လည်ထူထောင်ရေးပူးပေါင်းဆောင်ရွက်နေမှုများကို ပြည်ထောင်စုဝန်ကြီးများ၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် များ၊ တိုင်းမှူးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၅ -၇-၂၀၂၃)
- ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခံခဲ့ရသည့်ဒေသများသို့ တပ်မတော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ က လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိ။
Add new comment