ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ စက်မှုနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန ဝန်ကြီးနှင့်တွေ့ဆုံ၊ China-ASEAN Forum on Emerging Industry ဖွင့်ပွဲအခမ်းအနား တက်ရောက်

      စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်တုံးပြည်နယ်၊ ရှန်းကျန်းမြို့တွင် ဇူလိုင်လ ၄ ရက်မှ ၅ ရက်အထိ ကျင်းပသည့် China-ASEAN Forum on Emerging Industry ကို တက်ရောက်ခဲ့ပါသည်။

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည်-

  • ဇူလိုင်လ ၃ ရက် တွင် BYD အမျိုးအစား လျှပ်စစ်အသုံးပြုမော်တော်ယာဉ်များ (EV) ထုတ်လုပ်လျက်ရှိသည့် စက်ရုံနှင့် နေရောင်ခြည်စွမ်းအင်သုံးပစ္စည်းများ ထုတ်လုပ်လျက်ရှိသည့် K Star စက်ရုံတို့အား သွားရောက်လေ့လာခဲ့။

  • ဇူလိုင်လ ၄ ရက်တွင် ရှန်းကျန်းမြို့၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ စက်မှုနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနဝန်ကြီး Mr. Jin Zhuanglong ဦးဆောင် သောအဖွဲ့နှင့် တွေ့ဆုံခဲ့ပြီး လျှပ်စစ်ကားများ၊ ဆိုလာများ၊ ဆေးပစ္စည်းထုတ်လုပ်ရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သောနည်းပညာများ လွှဲပြောင်းရရှိရေးကိစ္စရပ်များကို ဆွေးနွေးခဲ့။

  • ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် China-ASEAN Forum on Emerging Industry ဖွင့်ပွဲအခမ်းအနားသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးများနှင့်အတူတက်ရောက်ပြီး အမှာစကားပြောကြားခဲ့။

  • အဆိုပါဖိုရမ်၌ ထွန်းသစ်စစက်မှုလုပ်ငန်းများ၌ လက်တွေ့ကျကျ ပူးပေါင်းဆောင် ရွက်နိုင်ရေးအတွက် အရေးပါသည့် ပွင့်လင်းမြင်သာမှု၊ အားလုံးပါဝင်မှု၊ ပေါင်းစပ် ညှိနှိုင်းမှုနှင့်မျှဝေမှု (Openness, Inclusivenessç Coordination and Sharing for Practical Cooperation in Emerging Industries) ခေါင်းစဉ်ဖြင့် စွမ်းအင် သစ်အသုံးပြုမော်တော်ယာဉ်များ၊ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် စွမ်းအင်အီလက် ထရွန်နစ်ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြမည်ဖြစ်။

  • ယင်းဖိုရမ်သို့ တက်ရောက်ခြင်းဖြင့် တရုတ်-အာဆီယံစက်မှုလုပ်ငန်းများအကြား ပူးပေါင်းဆောင်ရွက်ရေးမြှင့်တင်နိုင်ခြင်း၊ စိတ်ကူးသဘောထား အမြင်ချင်းဖလှယ်နိုင်ခြင်းစသည့်အကျိုးကျေးဇူးများ ရရှိမည်ဖြစ်။

အဆိုပါဖိုရမ်သို့ ကွမ်တုံးပြည်သူ့အစိုးရသက်ဆိုင်ရာတာဝန်ရှိသူများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ စက်မှုနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ကော်မရှင်များမှ တာဝန်ရှိသူများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူ များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံအခြေစိုက် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စက်မှု၊ သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်ကိုယ်စားလှယ်များ၊ စီးပွားရေးအသင်းအဖွဲ့များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စက်မှုကျွမ်းကျင်သူများနှင့် သုတေသနပညာရှင်များ တက်ရောက်ကြမည်ဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တွင် စက်မှုဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် အမှတ်(၂) အကြီးစားစက်မှုလုပ်ငန်းမှ အထွေထွေမန်နေဂျာတစ်ဦးတို့အဖွဲ့ဝင်အဖြစ် လိုက်ပါသွားကြောင်း  သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၄-၇-၂၀၂၃)

 

  • စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဇူလိုင်လ ၄ ရက်မှ ၅ ရက်အထိ ကျင်းပသည့် China-ASEAN Forum on Emerging Industry ကို တက်ရောက်ခဲ့။
  • စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ဇူလိုင်လ ၃ ရက်တွင် တရုတ်နိုင်ငံရှိ မော်တော်ယာဉ်များထုတ်လုပ်သည့်စက်ရုံနှင့် နေရောင်ခြည်စွမ်းအင်သုံးပစ္စည်းများ ထုတ်လုပ်သည့်စက်ရုံတို့အား သွားရောက်လေ့လာ။
  • ဇူလိုင်လ ၄ ရက်တွင် ရှန်းကျန်းမြို့၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ စက်မှုနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနဝန်ကြီးနှင့် တွေ့ဆုံခဲ့ပြီး လျှပ်စစ်ကားများ၊ ဆိုလာများ၊ ဆေးပစ္စည်းထုတ်လုပ်ရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သောနည်းပညာများ လွှဲပြောင်းရရှိရေးကိစ္စရပ်များကို ဆွေးနွေးခဲ့။
  • အဆိုပါဖိုရမ်တွင် စွမ်းအင်သစ်အသုံးပြု မော်တော်ယာဉ်များ၊ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် စွမ်းအင်အီလက်ထရွန်နစ်ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ပြီး ယင်းဖိုရမ်သို့ တက်ရောက်ခြင်းဖြင့် တရုတ်-အာဆီယံစက်မှုလုပ်ငန်းများအကြား ပူးပေါင်းဆောင်ရွက် ရေးမြှင့်တင်နိုင်ခြင်း၊ စိတ်ကူးသဘောထားအမြင်ချင်းဖလှယ်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများရရှိမည်ဖြစ်။

 

Add new comment