နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ တာဝန်ယူစဉ်ကာလအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းများနှင့် ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် ပြည်ပပို့ကုန်များ တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ-
-
ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဇွန်လ ၁၆ ရက်အထိ နှစ်လခွဲအတွင်း ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ပင်လယ်ရေကြောင်းမှ ၃၃၅,၄၅၃ ဒသမ ၅၆ တန်နှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ ၃၈,၅၂၃ ဒသမ ၇၁၂ တန် တင်ပို့နိုင်ခဲ့ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၉၂ ဒသမ ၂၁၉ သန်းရရှိခဲ့။
-
မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုမှာ ယခုဘဏ္ဍာနှစ် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁ ရက် မှ ဇွန်လ ၁၆ ရက်အထိ နှစ်လခွဲကာလအတွင်း ပို့ကုန်မှ အမေရိကန်ဒေါ်လာ ၄၄၇ ဒသမ ၃၄၂ သန်းနှင့် သွင်းကုန်မှ အမေရိကန်ဒေါ်လာ ၃၆၂ ဒသမ ၂၇၁ သန်း စုစုပေါင်းကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၈၀၉ ဒသမ ၆၁၃ သန်းရှိ။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းသို့ ဇူလိုင်လအတွင်း နိုင်ငံတကာကုန်သွယ် ရေကြောင်းသင်္ဘော ၅၃ စင်း ဆိုက်ကပ် ကုန်သွယ်မည်ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၄-၇-၂၀၂၃)
- ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဇွန်လ ၁၆ ရက်အထိ နှစ်လခွဲအတွင်း ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် အမေရိကန်ဒေါ်လာ ၂၉၂ ဒသမ ၂၁၉ သန်းရရှိခဲ့။
- ယခုဘဏ္ဍာနှစ် ၂၀၂၃ ခုနှစ် ဧပြီလ ၁ ရက် မှ ဇွန်လ ၁၆ ရက်အထိ နှစ်လခွဲ ကာလအတွင်း မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုပမာဏအနေဖြင့် အမေရိကန် ဒေါ်လာ ၈၀၉ ဒသမ ၆၁၃ သန်းရှိ။
Add new comment