အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာစာရင်းစစ်ချုပ်ရုံးများအဖွဲ့ (ASEAN Supreme Audit Institutions: ASEANSAI) ၏ (၇) ကြိမ်မြောက် အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (7th Senior Officials’ Meeting) ကို ဇူလိုင်လ ၄ ရက်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက အိမ်ရှင်နိုင်ငံအဖြစ် ဦးဆောင်၍ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ ASEANSAI ဥက္ကဋ္ဌ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦးက Video Message ဖြင့် အဖွင့်မိန့်ခွန်းပြောကြားရာတွင်-
- မြန်မာနိုင်ငံမှ ဥက္ကဋ္ဌတာဝန်ထမ်းဆောင်နေစဉ် ASEANSAI အနေဖြင့် အာဆီယံနိုင်ငံများအတွင်း SAI လွတ်လပ်မှုဆိုင်ရာ ပူးပေါင်းသုတေသနဆောင်ရွက်မှုအတွက် အသိပညာအလုပ်ရုံဆွေးနွေးပွဲ၊ စာရင်းစစ်ဆေးခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများနှင့် အစည်းအဝေးများ၊ (၅) ကြိမ်မြောက် အလုပ်အမှုဆောင်ကော်မတီအစည်းအဝေးနှင့် အသိပညာမျှဝေရေးကော်မတီအစည်းအဝေးများ ကျင်းပဆောင်ရွက်နိုင်ခဲ့မှုများသည် အဖွဲ့ဝင်နိုင်ငံများနှင့် လုပ်ငန်းကော်မတီအသီးသီးတို့၏ ကြိုးပမ်းအားထုတ်မှုရလဒ်များ ပင်ဖြစ်ကြောင်း။
- SAI Myanmar အနေဖြင့် ASEANSAI ၏ လုပ်ငန်းဆောင်ရွက်မှုများတွင် မိသားစုဝင်အဖြစ် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပြီး အောင်မြင်မှုအသီးအပွင့်များကိုလည်း အတူတကွ ရရှိခံစားခဲ့ရကြောင်း။
- ရှေ့ကာလများတွင်လည်း ထိရောက်အောင်မြင်သည့် ASEANSAI အဖွဲ့အစည်းတစ်ရပ်အဖြစ် ဆက်လက်ရပ်တည်နိုင်ရေး အဖွဲ့ဝင်နိုင်ငံများအားလုံးနှင့်ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ASEANSAI စည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ပြင်ဆင်ရန်အချက်များ၊ ကော်မတီအသီးသီး၏ ၂၀၂၄-၂၀၂၅ လုပ်ငန်းအစီအစဉ်များ၊ ဘဏ္ဍာရေးရှင်းတမ်းဆိုင်ရာများ၊ ASEANSAI နှင့် ဆွီဒင်နိုင်ငံစာရင်းစစ်ချုပ်ရုံးတို့ လက်မှတ်ရေးထိုးမည့် နားလည်မှုစာချွန်လွှာ (မူကြမ်း) တို့ကို ASEANSAI အတွင်းရေးမှူးချုပ်နှင့် ကော်မတီအသီးသီးမှ ကိုယ်စားလှယ်များက ရှင်းလင်းတင်ပြကြပြီး အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးသို့ ASEANSAI အတွင်းရေးမှူးချုပ်ရုံးနှင့် ASEANSAI အဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများခေါင်းဆောင်သော ကိုယ်စားလှယ်များ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အမြဲတမ်းအတွင်းဝန်ဦးဆောင်သည့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၅-၇-၂၀၂၃)
- ASEANSAI ၏ (၇) ကြိမ်မြောက် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပပြုလုပ်ခဲ့။
- SAI Myanmar အနေဖြင့် ASEANSAI ၏ လုပ်ငန်းဆောင်ရွက်မှုများတွင် မိသားစုဝင်အဖြစ် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့။
- ရှေ့ကာလများတွင်လည်း ထိရောက်အောင်မြင်သည့် ASEANSAI အဖွဲ့အစည်းတစ်ရပ်အဖြစ် ဆက်လက်ရပ်တည်နိုင်ရေး အဖွဲ့ဝင်နိုင်ငံများအားလုံးနှင့်ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်။
Add new comment